Part 4.1

1.8K 179 0
                                    

အခန်း (၄.၁)

ဘုရားကျောင်း

မိုးက တစ်ညလုံးရွာနေခဲ့ပေမဲ့ နောက်တစ်နေ့မှာတော့ ကောင်းကင်ကြီးက ကြည်လင်နေခဲ့တယ်။ ဒါပေမဲ့ အခန်းအတွင်းမှာရှိတဲ့ ဝါဂွမ်းနဲ့လုပ်ထားတဲ့ အိပ်ရာတွေက လုံးဝ စိုစွတ်သွားခဲ့တယ်။

ကျန်းလီက အိမ်ထဲမှာ ထိုင်နေတဲ့အချိန်မှာ၊ နေရောင်ထဲမှာ အခြောက်ခံဖို့ တုန်အာက အိပ်ရာတွေကို အပြင်ထုတ်လာခဲ့တယ်။ ဖိနပ်ခုံတွေ တစ်ပုံကြီးဟာလည်း စားပွဲပေါ်မှာ ရှိနေခဲ့တယ်။ အဲဒါဟာ ကြေးနီပြား တစ်တွဲနဲ့ လဲလှယ်ဖို့၊ ဖိနပ်ခုံ အခု ၅၀ကို ဖန်တီးရတဲ့ သူမရဲ့ တာဝန်ပဲ ဖြစ်ခဲ့တယ်။ တောင်ပေါ်မှာက ကြေးနီပြားတွေကို အသုံးမပြုခဲ့ဘူး ပြီးတော့ တုန်အာကလည်း တောင်အောက်ကို မဆင်းနိုင်ခဲ့ဘူး။ ဒါကြောင့် သူတို့ဟာ တောင်ပေါ်ကိုတက်လာတဲ့ စျေးသည်ကို စောင့်ပြီးတော့သာ ကိတ်မုန့်ကို ဝယ်စားနိုင်ခဲ့တယ်။

ဒါကတော့ ကျန်းလီနဲ့ တုန်အာတို့ ခံစားနိုင်တဲ့ တစ်ခုတည်းသော ဇိမ်ခံခြင်း ဖြစ်ခဲ့တယ်။

ပြတင်းပေါက်ကနေတစ်ဆင့်၊ အိပ်ရာခင်းတွေကို လှန်းဖို့ ခွေးခြေခုံ အသေးလေးပေါ်မှာ ရပ်နေတဲ့ တုန်အာကို ကျန်းလီက တွေ့နိုင်ခဲ့တယ်။ မဝေးလှတဲ့တစ်နေရာဆီမှာ၊ မီးခိုးရောင် Daoist ၀တ်စုံဝတ်ထားတဲ့ သီလရှင်တစ်ပါးက သူတို့ကို အကြည့်တစ်ချက်တောင် လှမ်းမကြည့်ဘဲ ဖြတ်လျှောက်လာခဲ့တယ်။

ကျန်းလီဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ ပြီးတဲ့နောက်မှာ ဒီနေရာကို တုန်အာနဲ့ အတူ စေလွှတ်ခြင်းခံခဲ့ရတယ်။ ပြီးတော့ ဒီနေရာမှာရှိတဲ့ သီလရှင်များကို တောက်တိုမည်ရ မလုပ်ပေးနိုင်ခဲ့ဘူး။။ တုန်အာက ရီကျန့်ကျန့် ရွေးချယ်ပေးခဲ့တဲ့ အစေခံမိန်းကလေး ဖြစ်ပြီး ကျန်းလီရဲ့ ဘေးမှာ အမြဲရှိနေပေးခဲ့တယ်။

အစေခံမိန်းက လေးရဲ့ စိတ် နေသဘောထားက ကြီးမားပါတယ်။ ဒါပေမဲ့ အဝေးကို ရောက်သွားပြီဖြစ်တဲ့ သီလရှင်နှစ်ပါးရဲ့ နောက်ဘက်မြင်ကွင်းကို ကြည့်ရင်း သူမက တံတွေးထွေးလိုက်ပြီးတော့ အသံမြင့်မြင့်နဲ့ အော်ပြောလိုက်တယ်။ " အမွေးမရှိတဲ့ ကြက်မတွေ "

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now