Part 52.2

933 103 0
                                    


MDD-52.2

စာနာမှု

ကျန်းလီက ပြုံးပြီးတော့ ကျိရှုရန်ကို ကြည့်လိုက်တယ်။ သူမရဲ့ စကားလုံးတွေက ကျန်းလီကို အဖတ်ဆယ်မရတဲ့ အခြေအနေကို တွန်းပို့သလို ဖြစ်သွားလိမ့်မယ်ဆိုတာကို ကျိရှုရန်က လုံးဝ သတိထားမိပုံ မပေါ်ခဲ့ဘူး။ အဲဒါအပြင်၊ အဲဒါက ဟာသတစ်ခုလို ဖြစ်နေခဲ့တယ်။

ကျန်းလီက ပြောလိုက်တယ်

"ကျွန်မက သူ့ကို မသိပါဘူး၊ သူက ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုအကြီးဆုံး ဆိုတာကို ကျွန်မက သတိမထားမိခဲ့ဘူး။ သခင်မကြီးက ကျွန်မကို မပြောရင်၊ ကျွန်မနဲ့ သူရဲ့ ကြားက ဆက်ဆံရေးကို သိမှာ မဟုတ်ပါဘူး။ ဒီနေ့က သူ မဟုတ်ဘဲနဲ့၊ တခြားလူနဲ့ ကျွန်မက ဒီလိုမျိုး မြင်ကွင်းမျိုးကို ကြုံတွေ့လာရင်လည်း၊ ကျွန်မက ရှေ့ဆက်တိုးမှာပါ"

ကျန်းလီက ပြုံးပြီးတော့ သူမရဲ့စိတ်ကို ဖော်ပြလိုက်တယ်။

"ဒီကမ္ဘာပေါ်မှာ၊ စည်းမျဉ်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာ ကိုယ့်အန္တာရယ်ကို ကာကွယ်ခွင့် ရှိပေမဲ့၊ တစ်ခါတလေမှာတော့ အမှန်တရားအတွက် ရဲရင့်စွာ ရပ်တည်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကျွန်မတို့က အေးချမ်းပြီးတော့ ငြိမ်းချမ်းတဲ့ မိသားစုဖြစ်တဲ့အတွက်၊ ပညာရှင်တစ်ယောက်ရဲ့ တက်ကြွ သွက်လက်တဲ့ပုံစံကို ထိန်းသိမ်းဖို့က ပိုပြီးတော့တောင် အရေးကြီးပါတယ်"

သခင်မကြီးကျန်းက အကြပ်ရိုက်သွားခဲ့တယ်။

သခင်မကြီးကျန်းရဲ့ ခင်ပွန်းဖြစ်သူ၊ ကျန်းယွမ်ပိုင်ရဲ့ ဖခင်ဖြစ်တဲ့ သခင်ကြီးကျန်းက သူ့ဘဝ တစ်လျှောက်လုံး (သူကွယ်လွန်ချိန်အထိ နှစ်ပေါင်း၃၀ကြာအောင်) တတိယအဆင့် စာပေ အကြံပေးတစ်ဦး ဖြစ်ခဲ့တယ်။ တတိယအဆင့် စာပေအကြံပေးတစ်ဦး ဖြစ်ရခြင်းက အလွန်ကောင်းပေမဲ့၊ ရာထူးတိုးခြင်းမရှိဘဲနဲ့ ဆယ်စုနှစ်များစွာကြာအောင် တာဝန်ထမ်းဆောင်ခဲ့ရတဲ့ နောက်ကွယ်မှာတော့ အကြောင်းပြချက်တစ်ခု သေချာပေါက်ရှိခဲ့တယ်။

အကြောင်းပြချက်ကတော့ တိကျခဲ့တယ် ဘာကြောင့်လဲဆိုရင်၊ သခင်ကြီးကျန်းက အရမ်းဖြောင့်မတ်လွန်းပြီးတော့ ပြတ်သားတဲ့ ဝေဖန်မှုတွေကို လုပ်ခဲ့တာကြောင့်မို့ ဖြစ်ခဲ့တယ်။ သခင်ကြီးကျန်းက အရာရှိကောင်းတစ်ဦး ဖြစ်ကြောင်း အရင် ဧကရာဇ်မင်းက သိခဲ့ရင်တောင်မှ၊ သူက နှစ်သက်ဖို့ကတော့ တကယ်ကို ခဲယဉ်းခဲ့တယ်။ သူရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့၊ သခင်ကြိီးကျန်းက သူ့ရဲ့ တရားဝင်အသက်မွေးဝမ်းကြောင်းကို ဒီနေရာမှာ ငြိတွယ်နေခွင့်ပြုလိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now