Part 39.1

637 68 0
                                    

အခန်း (၃၉.၁)

သင်ကြားခြင်း

အသက်ကြီးကြီး အမျိုးသမီးကျန်းရဲ့ ဝင်ရောက် စွက်ဖက်မှုကြောင့်လားဆိုတာကို မသိပေမဲ့၊ ကျန်းလီက အမျိုးသမီး အစေခံအသစ်တွေကို ရွေးချယ်တုန်းက ကျိရှုရန်က ဘာစကားတစ်ခွန်းကိုမှ မပြောခဲ့ဘူး။ ရွေးချယ်မှု တစ်ခုလုံးမှာ သခင်မကြီးကျန်းရဲ့ မိန်းကလေး အစေခံတွေ ဖြစ်တဲ့ ကျန်းကျွေ့နဲ့ ဖေးချွေ့တို့ကပါ ကျန်းလီနဲ့ အတူ လိုက်သွားခဲ့ကြတယ်။ ဖြစ်နိုင်တာကတော့ ကျိရှုရန်က ကျန်းလိ ရွေးချယ်လိုက်တဲ့ မိန်းကလေးအစေခံ အသစ်ကို မကြာခင် သိသွားမယ်ဆိုတာကို ကျန်းလိီက သဘောပေါက်သွားခဲ့တယ်။

ဒါပေမဲ့ အခုအချိန်မှာတော့၊ ကျိရှုရန်က ဖန်းဖေး ဥယျာဥ်တော်ရဲ့ ပြန်လည်ဖွဲ့စည်းပုံမှာ မပါဝင်နိုင်ခဲ့ဘူး။

ဒီနေ့ရက်တွေမှာ၊ ကျန်းအိမ်တော်က တစ်ခဏတာ သဟဇာတ ဖြစ်နေခဲ့တယ်။

နွေးထွေးပြီး ကျက်သရေရှိတဲ့ ခြံဝန်းအတွင်းမှာတော့၊ ကျိရှုရန်က

ကျန်းယွမ်ပိုင်ရဲ့ အကြည့်အောက်မှာပဲ သူ့ရဲ့ ဝတ်ရုံကို ချွတ်ပေးခဲ့တယ်။

ကျန်းယွမ်ပိုင်က ရုံးတော်မှာ အဆင့်နှစ်မှူးမတ်သာ ဖြစ်ပေမဲ့၊ သူ့ရဲ့ အိမ်တော်မှာဆိုရင်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက်စာရင် ပိုပြီးတော့ အေးအေးချမ်းချမ်း ရှိခဲ့တယ်။ အရင်ကတော့ ရီကျန်းကျန်းက အနားမှာ ရှိနေခဲ့တဲ့အချိန်တုန်းက၊ သခင်မကြီးကျန်းက သူ့ထံကို ကိုယ်လုပ်တော် နှစ်ယောက်ကို ပေးပို့ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ရီကျန်းကျန်းက အဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပြီးတော့ ကိုဟ်လုပ်တော်နှစ်ယောက်ထဲက တစ်ယောက်ကလည်း သူမရဲ့သမီးတော် သေဆုံးမှုကြောင့်မို့ အစိုူရိမ်လွမ်ကာ သေဆုံးသွားခဲ့ရတယ်။ ကျိရှုရန်က အိမ်တော်ကို ဝင်ရောက်လာတဲ့အခါမှာ၊ ကျန်းအိမ်တော်ရဲ့ ပင်မဆောင်မှာ ကိုယ်လုပ်တော်တစ်ယောက်သာ ရှိခဲ့တော့တယ်။

ဒီကိုယ်လုပ်တော်က အရင်က သခင်မကြီးကျန်းရဲ့ ကိုယ်ပိုင် အစေခံမိန်းကလေး ဖြစ်ခဲ့ဖူးတယ်။ သူမရဲ့ စိတ်နေစိတ်ထားက တည်တည်ငြိမ်ငြိမ် ဖြစ်ပြီးတော့၊ သူမက ရန်ဖြစ်ဖို့ရာလည်း သိတ်မဝင်စားတဲ့အတွက်၊ ကျန်းအိမ်တော်က အလှဆင်ပစ္စည်း တစ်ခုလိုမျိုး ဖြစ်နေခဲ့တယ်။ ကျိရှုရန်က အိမ်တော်ထဲ ဝင်ရောက်ပြီးတဲ့အချိန်မှာ၊ ဒကိုယ်လုပ်တော်ကို တရားဝင် ကိုယ်လုပ်တော် ဖြစ်လာစေဖို့ ကူညီပေးခဲ့တယ်။ ကိုယ်လုပ်တော်ကျောက်က ကလေးမမွေးဖူးတဲ့အတွက်၊ ကျိရှုရန်က အိမ်တော်ထဲကို ဝင်လာပြီးတဲ့ အချိန်မှာတော့၊ သူမရဲ့ အတွေးတွေကို တည်ငြိမ်အောင် ထိန်းကာ ကျိရှုရန်လက်အောက်က လူလိုမျိုး သူမကို ခိုင်းစေခံခဲ့ရတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now