Part 45

823 87 0
                                    

Ch 45

ကျန်းလီက သူကျောင်းသွားတက်မယ့်အကြောင်းကို အိမ်တော်ထဲမှာ အမျိုးမျိုး ပြောဆို ဖြစ်ပျက်နေတာတွေကို လုံးဝဂရုမစိုက်ဘူး။

သူက ပိုင်ရွှယ်ကို စာရေးသင်ပေးနေတာ ဖြစ်တယ်။သူမက စာလုံးအချို့ကိုသိပေမယ့် အများကြီးတော့မဟုတ်ဘူး။ အဲ့တော့သူ့ရဲ့ အစေခံဟောင်း ဟိုင်ထန်းကိုရှာဖို့ ပိုင်ရွှယ်က ကျောင်းဟွာရွာကသူ့မိသားစုဆီ စာပို့ဖို့အတွက် စာရေးတတ်ဖို့ လိုတယ်။ ကျန်းလီက သူစာရေးနေတုန်း ကြည့်ရှုစစ်ဆေးပေးနေရင်း သူ မသိတဲ့စာလုံးတွေကိုသင်ပေးနေတယ်။ တုန်အာကလည်း ဘေးကနေ စိတ်ပါဝင်စားစွာ အာရုံစိုက်နားထောင်နေရင်း မကြာခဏ ချီးကျူးနေတယ်။

"မမလေးက တကယ်အံ့သြစရာပဲ ဒီအစေခံနဲ့နှစ်ယောက်အတူ ချင်ချန်းတောင်ပေါ်မှာနေခဲ့ရပေမယ့် မမလေးက ဒီလိုစာလုံးတွေ အများကြီးကို သိတယ် ဒီအစေခံက ကိုယ့်နာမည်ကိုယ်ပေါင်းတတ်ရုံလေးပဲ ရှိတာ ကွာခြားချက်က အတော်ကြီးတာပဲ"

"အမှန်ပဲ" ပိုင်ရွှယ်က မပီမသနဲ့ထပြောတယ်။

"မမလေးက ဘယ်သူမို့လို့လဲ လက်ထောက်အကြီးအကဲချုပ်ရဲ့ သမီးပဲဟာ မွေးပြီးတာနဲ့ ချက်ချင်းဘဲ စာလုံးတွေကို မှတ်မိနိုင်တယ်"

လူသုံးယောက်က ရယ်ရယ်မောမောနဲ့ စကားစမြည်ပြောနေကြတဲ့အချိန် ကျန်းကျင်းရော့က ရောက်လာပြန်တယ်။ သူက ကျန်းလီကျောင်းတက်မယ့်သတင်းကို ကြားပြီးတာကြောင့် ဝင်ဝင်ချင်းဘဲ ပြောတယ်။

"ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်! နင်တကယ် ဦးလေး(၁)ကိုသိမ်းသွင်းလိုက်နိုင်တာပဲ ဒီတစ်ခါတော့ ငါနင့်ကို အကြီးကြီး လေးစားသွားပြီ"

ကျန်းလီက ပိုင်ရွှယ်ကို လက်ကိုင်ပြီး စာရေးသင်ပေးနေတာကို လွှတ်လိုက်ပြီး သူမဘာသာ ဆက်ရေးစေတယ်။ သူက ကျန်းကျင်းရော့ဆီ လျှောက်လာရင်း ပြောတယ်။

"ဒီကို ဘာလာလုပ်တာလဲ"

ကျန်းကျင်းရော့ခမျာ နင်သွားပြီး လည်ချောင်းဝက စကားတွေတစ်သွားရတယ်။

"နင်ဘာလို့ အမြဲတမ်း ငါ့ကိုမကြိုဆိုသလိုဖြစ်နေရတာလဲ ငါကနင့်ကို မင်ယီကျောင်းတော်ကလည်း ကောင်းတဲ့ နေရာ မဟုတ်ဘူးဆိုတာ လာသတိပေးတာ အဲ့က မျိုးရိုးမြင့် ကလေးတွေရဲ့စိတ်ကို သိလို့လား နင်က အခုမှ ရောက်လာတဲ့ မျက်နှာအသစ် နင်ကိုယ့်နေရာကိုယ် သိတာ အကောင်းဆုံးပဲ တစ်ယောက်ယောက်က နင့်ကိုအနိုင်ကျင့်လာလို့ကတော့ မျက်နှာပျက်မှာစိုးပြီး ခေါင်းမာမာနဲ့ သည်းခံမနေနဲ့ နင့်အဖေနာမည်သာ ယူသုံးပစ်လိုက် လွန်လွန်ကျွံကျွံတွေ ဖြစ်လာလို့ကတော့ သိက္ခာတွေ ဘာတွေငဲ့မနေဘဲ ထွက်ပြေးလည်း ဘာမှမဖြစ်ဘူး"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now