Part 30

1K 123 2
                                    

အခန်း (၃၀)

ရှန်းချောင်ရဲ့ ရုတ်တရက် ဖွင့်ထုတ်လိုက်မှုကြီးက လူအများကို ထိတ်လန့်အံ့သြသွားစေတယ်။

ဒါပေမဲ့လည်း ကျန်းလီက ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ပေးရမဲ့အစား တုန်အာကသာ အပြင်းအထန် တုံ့ပြန်လိုက်တယ်။ ချက်ချင်းဘဲ တုန်အာက ကျန်းလီကို သူ့ခန္ဓာကိုယ်ရဲ့နောက်မှာ ကြက်မကြီးက ကြက်ပေါက်ကလေးတွေကို ကာကွယ်သလို ကာပေးလိုက်ရင်း သူက ခပ်ကျယ်ကျယ် အော်ပြောတော့တယ်။

"ပေါက်ကရတွေ! အဆိပ်ပြင်းတဲ့ မြွေဟောက်မ! သွားပုပ်လေလွင့်တွေပြောပြီး အသရေဖျက်နေတာ! ကျွန်မတို့ရဲ့ သခင်မလေးက အဲ့လို တစ်ခါမှ မလုပ်ခဲ့ဘူး ရှန်းချောင်! နင်! နင့်အသိစိတ်က ခွေးစားသွားပြီကိုး ငါတို့သခင်မလေးကို ဒီလိုနည်းနဲ့ နာမည်ဖျက်တယ်​ပေါ့!"

*ဒုန်း ဒုန်း ဒုန်း*

ရှန်းချောင်က တုန်အာကို အလေးမထားဘဲ ကျန်းသခင်မကြီးဘက်ကို လှည့်ကာ သူ့ခေါင်းကို ဆက်တိုက် ကြမ်းပြင်နဲ့ခပ်ပြင်းပြင်းဆောင့်ရင်း ခွင့်လွှတ်မှု တောင်းခံနေသလို လုပ်နေတယ်။ သူက ငိုနေရင်း ပြောပြန်တယ်။

"ဒီအစေခံက အလိမ်အညာတွေ မပြောရဲလို့ ပါ ပြောခဲ့တာတွေထဲမှာ အမှားတစ်ဝက်လောက်ပါရင်တောင် ချက်ချင်း ဒီအစေခံကို ဒဏ်ခပ်တဲ့အနေနဲ့ ကောင်းကင်ဘုံက မိုးကြိုးပစ်လိုက်ပါစေ"

"နင်!"

တုန်အာခမျာ ဒေါသထွက်လွန်းလို့ ဘာမှတောင် ထပ်မပြောနိုင်တော့ဘူး။ ဒီရှန်းချောင်က ကျန်းလီကို ပြဿနာရှာဖို့အတွက်နဲ့ ဒီလို အန္တရာယ်များတဲ့ ကျိန်ဆိုမှုမျိုး လုပ်လိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး။ သေချာပေါက် သူက သူ့ဘဝကိုထပ်မလိုချင်တော့ဘဲ အသက်ရှင်ရတာပျင်းသွားလို့ ဒီလို စွန့်စားကျိန်ဆိုရဲတာ ဖြစ်လိမ့်မယ်။

ရှန်းချောင်ရဲ့ ဒီစကားတွေက ဘာမှရှင်းပြစရာ မလိုဘဲ ကျန်းလီအပေါ် စွပ်စွဲခြင်းဆိုတဲ့ ဆိုင်းဘုတ်ကိုသံမှိုနဲ့ ရိုက်ထားလိုက်သလိုပဲ။ ကျန်းယွီအာက ကျန်းလီကို ထပ်လှောင်ပြောင်သရော်ဖို့ ပြင်လိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now