Part 36.2

811 92 0
                                    

အခန်း (၃၆.၂)

ဆွေးနွေးခြင်း

ကျိရှုရန်က ထူးဆန်းနေတာတစ်ခုခုကို တစ်ယောက်ယောက်က တွေ့ရှိသွားမှာကို မကြောက်ခဲ့ဘူး။ အမျိုးသမီးသခင်မကြီးတစ်ဦးအနေနဲ့ လှည့်ကွက်တွေမသုံးဘဲနဲ့ သူတို့ရဲ့ လက်တွေက ဘယ်လို သန့်ရှင်းနေနိုင်မလဲ။ သူမရဲ့ လှည့်ကွက်တွေကို အသုံးချနေခဲ့ပေမဲ့၊ နှစ်ဆ အရှုံးပေါ်ခဲ့တယ်။ ဒါတွေက ပေါ်ထွက်လာတဲ့အခါ၊ လူတွေက အသံအကျယ်ကြီးနဲ့ ရယ်ခဲ့ကြလိမ့်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိုက်မဲတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက်ထဲမှာ ဆုံးရှုံးလိုက်ရတဲ့ သူမရဲ့ အရည်အချင်းက တခြားသူတွေလောက် မတော်ဘူးလို့ ဝန်ခံနေသလို ဖြစ်ခဲ့တယ်။

ကျိရှုရန်က မာနကြီးပြီးတော့ စိတ်ကြီး ဝင်နေခဲ့တယ်။ သူမက ခြံဝင်းထဲကို ပြန်ရောက်တဲ့အချိန်မှာ၊ အခန်းထဲက ပန်းအိုးတွေနဲ့ အိုးတွေအားလုံးကို ဒေါသတကြီးနဲ့ ပေါက်ခွဲပစ်လိုက်တယ်။

ကျိချန်းကျီက သူမကို စိတ်သက်သာရာရစေဖို့ ပြောလိုက်တယ်။

"နင် ဒီလိုတွေ လုပ်ပြနေတာကို တခြားသူတွေက မြင်ရင်၊ နင်ရဲ့ အေးချမ်းခြင်းတွေ ဆုံးရှုံးသွားပြီလို့ ပြောကြလိမ့်မယ်။ အဆင့်နှစ်မှူးမတ်တစ်ယောက်ရဲ့ ဇနီးရဲ့ ပုံစံက ဘယ်ကို ရောက်သွားပြီလဲ"

ကျိရှုရန်က မုန်းတီးစွာနဲ့ ပြောလိုက်တယ်။

"အစ်မ၊ ငါ အသက်ရှုလို့မရဘူး။ ကျန်းလီ၊ ဒီမိန်းမပျက်က တကယ် နတ်ဆိုးပဲ၊ သူမရဲ့အသက်က ယို့ရောင်နဲ့ သိပ်မကွာပေမဲ့၊ သူမက အရမ်းဉာဏ်ကောင်းနေတယ်။ သူမက ဘယ်လို အကြံအစည်တွေကို လုပ်ခဲ့တာလဲဆိုတာကို အစ်မလဲ တွေ့လိုက်တာပဲ"

ကျိချန်းကျီက ပြောလိုက်တယ်။

"သူမက အဲ့လောက်ထိ မရိုးအပါဘူး၊ နင်လည်း ထိတ်လန့်တကြားနဲ့ ခေါင်းရှုပ်မခဲပါနဲ့"

ကျိချန်းကျီက အစေခံမိန်းကလေးကို တံခါးပိတ်ဖို့ ညွှန်ကြားလိုက်ပြီးတော့ ဆက်ပြောလိုက်တယ်။

"လက်ရှိမှာ နင်က ကျန်းအိမ်တော်ရဲ့ အဓိက သခင်မကြီး ဖြစ်နေပြီ။ နင်က ကျန်းယွမ်ပိုင်ကို ကလေးနှစ်ယောက် မွေးပေးထားပြီးတော့ သူ့နှလုံးသားက နင့်ဘက်မှာ ရှိနေတယ် ဆိုတာကိုတော့ မမေ့ပါနဲ့။ ကျန်းလီက မေ့ပျောက်ခံထားရတဲ့ သမီးတစ်ယောက် ဖြစ်ပြီးတော့၊ ကျန်းအိမ်တော်မှာ သူမကို သခင်မလေး အဖြစ် အသိအမှတ်ပြုတဲ့သူရော ရှိလို့လား။ သူမနဲ့ ပြောဆိုဆက်ဆံဖို့ဆိုတာ မလွယ်ဘူး။ ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲဖို့ သတိရထား၊ ဘယ်သူ့ကိုမှ မချုပ်ကိုင်မိစေနဲ့။ ရှန်းချောင် ဘာဖြစ်သွားလဲ ကြည့်လိုက်၊ နင် အနည်းငယ် ကံခေသွားတယ်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now