Part 39.2

726 79 2
                                    

အခန်း (၃၉.၂)

သင်ကြားခြင်း

ကျန်းယွမ်ပိုင်က ယူကြုံးမရဖြစ်နေခဲ့တယ်။ သူ့မှာ ဇနီးနှစ်ယောက်ရှိခဲ့တယ်။၊ ပထမဇနီး ရီကျန်းကျန်းက သူ့ရဲ့ ရွေးချယ်မှု မဟုတ်ခဲ့ပေမဲ့၊ သခင်မကြီးကျန်းက သူ့အတွက် ရွေးချယ်ပေးခဲ့တယ်။ အဲ့အချိန်တုန်းက သူက ရုံးတော်မှာ နာမည်ရခါစ ဖြစ်နေခဲ့ပြီးတော့၊ ရန်သူတွေအများကြီး ရှိနေခဲ့တယ်။ ဒါကြောင့် သခင်မကြီးကျန်းက သူ့ရဲ့ ထင်ပေါ်မှုကို ဖုံးကွယ်ဖို့ သိပ်ပြီး ထင်ရှားကျော်ကြားတဲ့ ဇနီးတစ်ယောက်နဲ့ လက်ထပ်စေခဲ့တယ်။ ရီကျန်းကျန်းရဲ့ မိသားစုက ချမ်းသာပြီးတော့ သူတို့ရဲ့ အဆက်အသွယ်တွေက သိသာထင်ရှားနေခဲ့တယ်။ အကောင်းဆုံးအရာက သူတို့က အရာရှိမိသားစု မဟုတ်တဲ့အတွက်၊ လူတွေရဲ့ မကောင်းမြင်ခြင်းကို မခံခဲ့ရဘူး။

ကျန်းယွမ်ပိုင်က သူ့မိခင်ရဲ့ ဆိုလိုချင်တဲ့ သဘောကို နားလည်ပြီးတော့၊ ရီကျန်းကျန်းကို လက်ထပ်ခဲ့တယ်။ ရီကျန်းကျန်းက အပြစ်ကင်းစင်ပြီးတော့ တက်ကြွနေကာ၊ လူသားတွေရဲ့ ဆင်းရဲဒုက္ခကို ဘယ်သောအခါမှ မခံစားခဲ့ရဘူး။ သူမက သူရဲ့ စိုးရိမ်ပူပန်နဲ့ အခက်အခဲတွေကို မျှဝေမခံစားပေးနိုင်ခဲ့ပေမဲ့၊ နှစ်ယောက်လုံးက လိုက်ဖက်ညီတယ်လို့ အသိအမှတ်ပြုထားခံခဲ့ရတယ်။

ရီကျန်းကျန်း ကွယ်လွန်ပြီးတဲ့နောက်မှာတော့၊ ကျန်းယွမ်ပိုင်က မှူးမတ်ရဲ့သမီး ဖြစ်တဲ့ ကျိရှုရန်ကို ညစာစားပွဲတစ်ခုမှာ တွေ့ဆုံခဲ့တယ်။ ညစာစားပွဲမှာ ကျိရှုရန်က စိတ်ဝင်စားစရာကောင်းပြီးတော့ ကျက်သရေရှိစွာ လှပတင့်တယ် နေခဲ့တယ်။ တစ်ချက်ထဲနဲ့၊ သူရဲ့ နှလုံးသားထဲကို သူမရဲ့ အလှတွေက ထိမှန်သွားခဲ့တယ်။

ပြောရမယ်ဆိုရင် ရီကျန်းကျန်းက သခင်မကြီးကျန်း ရွေးချယ်ပေးတဲ့ အမျိုးသမီး ဖြစ်ခဲ့ပေမဲ့ ကျိရှုရန်က ကျန်းယွမ်ပိုင် ချစ်မြတ်နိုးရတဲ့ အမျိုးသမီး ဖြစ်နေခဲ့တယ်။ သူ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာပဲ ဖြစ်ဖြစ် ဘက်လိုက်မှုပဲ ဖြစ်ဖြစ်၊ အဲဒါတွေက ကျိရှုရန် အပေါ်မှာပဲ သက်ရောက်နေခဲ့တယ်။ ကျိရှုရန်က အမှားတစ်ခုကို လုပ်မိရင်တောင်မှ၊ ကျန်းယွမ်ပိုင်က သူမကို မြန်မြန်ဆန်ဆန် ခွင့်လွှတ်ပေးခဲ့တယ်။ အဲဒါအပြင် ကျိရှုရန်က ဒီနှစ်တွေမှာ အိမ်တော်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now