Part 6.2

1.6K 163 0
                                    

အခန်း (၆.၂)

မျောက်

တစ်ဖြည်းဖြည်းနဲ့၊ မျောက်က ကျန်းလီရဲ့လက်ထဲက မုန့်အကြေတွေ အားလုံးကို ကုန်သွားတဲ့အချိန်ထိ စားလိုက်တယ်။ ကျန်းလီက ကိတ်မုန့်မရှိတော့ဘူးဆိုတာကို ပြဖို့ အမြီးကောက်ကောက်နဲ့ မျောက်ကို လက်ခုပ်တီးပြခဲ့တယ်။ မျောက်က ကျန်းလီရဲ့လက်ကို တစ်ခဏလောက် တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကြည့်ပြီးတော့၊ သူ့အမြီးကို မြှောက်ကာ ထွက်သွားခဲ့တယ်။

အစကနေစပြီးတော့ အရာရာကို တွေ့လိုက်တဲ့ တုန်အာက မေးလိုက်တယ်။

"သခင်မလေး က မျောက်တွေကို အစာကျွေးချင်ခဲ့တာလား။ အစာကျွေးဖို့ ကိတ်မုန့်ကို ဘာကြောင့် သုံးတာလဲ။ တောင်ပေါ်ကနေ ခူးယူထားတဲ့ တောရိုင်းအသီးအနှံတွေကို သုံးတာက ပိုကောင်းမှာ။ ဒီကိတ်မုန့်တွေက စျေးကြီးတဲ့အတွက် ကျွေးရတာ တန်ဖိုးမရှိခဲ့ဘူး"

ဒုဝန်ကြီးရဲ့ သမီး ကျန်းလီရဲ့ ကိုယ်ပိုင်အစေခံကိုတော့ ပြော ေနစရာမလိုဘူး၊ တုန်ရှန်းမှာ ရွှီဖုန်းဖေးအဖြစ် ရှိနေခဲ့စဥ်ကတိုင် သူမရဲ့ အစေခံက ဒီကိတ်မုန့်နည်းနည်းကိုတော့ ဘယ်နော့မှ နှမြောနေမှာ မဟုတ်ခဲ့ဘူး။ တစ်ခြားသူတွေက ဒါကို တွေ့ရင်၊ ဘယ်လောက်တောင်များ သက်ပြင်းချလိမ့်မလဲ။ ကျန်းလီက သူမရဲ့ လက်ကို ဆန့်ထုတ်လိုက်ပြီး တုန်အာရဲ့ ခေါင်းကို ပွတ်သပ်ပြီးတော့ ပြုံးပြလိုက်တယ်။

"တောရိုင်းအသီးအနှံတွေနဲ့ ယှဉ်ကြည့်ရင်၊ မျောက်တွေက အရသာရှိတဲ့အစားအစာကို ပိုကြိုက်ကြတာ"

ကျန်းလိီက လှည့်ပြီးတော့ စားပွဲဆီကို လမ်းလျှောက်ကာ ထိုင်မလို့ လုပ်တာကို တုန်အာက မြင်တဲ့အခါမှာ၊ သူမက တစ်ခုခုကို ပြောချင်နေခဲ့တယ်။ အခန်းထဲမှာတော့ တုန်အာ အပြင်ကနေ ခူးလာတဲ့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ခွေးခြေခုံ တစ်ခုတည်းသာ ရှိနေခဲ့တယ်။ ခွေးခြေခုံရဲ့ ခြေထောက်တွေက မငြိမ်မသက်ဖြစ်နေခဲ့တယ်။ ကျန်းလီက ပြောလိုက်တယ်။

"တုန်အာ၊ မနက်ဖြန်ကစပြီး ဒီကိတ်မုန့်တွေကို မျောက်တွေကို ကျွေးရလိမ့်မယ်"

တုန်အာရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်။

"သခင်မလေး၊ ဘာကြောင့်လဲ။ ဒီအစေခံက နားမလည်တော့ဘူး"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now