Part 14

1.4K 148 1
                                    

14 01

အခန်း (၁၄)

ချင်ချန်းတောင်ကနေ မြို့တော်အထိခရီးကသိပ်တော့ မဝေးဘူး။ မနှေးမမြန် ပုံမှန်နှုန်းနဲ့ သွားမယ်ဆို သူတို့ဆယ်ရက်အတွင်းရောက်နိုင်တယ်။တောင်ထိပ်ကနေ တောင်ခြေအထိ အမျိုးမျိုး အဖုံဖုံ

ပြောင်းလဲနေတဲ့ရှုခင်းတွေကို ချန်ထားခဲ့ရင်း ​တရွေ့ရွေ့ ခရီးဆက်လာတယ်။

သူတို့ရှေ့ကို ခရီးဆက်လာတာနဲ့အမျှ ရာသီဥတု ကပိုပူလာတယ်။ ဒါပေမဲ့ ဒီ နေပူကျဲကျဲက တုန်အာရဲ့ စိတ်လှုပ်ရှားမှုနဲ့စပ်စုချင်စိတ်ကိုတော့ မတားနိုင်ဘူး။ သူတို့ယန်ကျင်းရဲ့ မြို့တော်နဲ့ နီးလာတာနဲ့အမျှ တုန်အာကသူ့ကိုယ်သူ သတိမမူမိဘဲ ရထားလုံးရဲ့လိုက်ကာစကိုမ,တင်ကာ အပြင်မြင်ကွင်းကို ခဏခဏ ခိုးကြည့်နေတယ်။ ယွီရှန်းက ကျန်းလီရဲ့ ဘေးမှာထိုင်နေတယ်။ စွမ့်မောမောက ကျန်းလီကို လာကြိုတယ်လို့သာ ပြောတာ တမင်လား မတော်တဆလား မသိပေမယ့် ကျန်းလီအတွက် အစေခံမလေးတစ်ယောက်မှ ခေါ်မလာခဲ့ဘူး။ အဲ့ဒါကြောင့် ခရီးတစ်လျှောက်လုံး ကျန်းလီနဲ့ အနီးကပ်ရှိ​​ပေးတာဆိုလို့ တုန်အာနဲ့ယွီရှန်းဘဲ ရှိတယ်။ မှန်းထားတာနဲ့ ဆန့်ကျင်ဘက်ကတော့ ရထားလုံးဟာ ရထားလုံးကောင်းတစ်ခုဖြစ်ပြီး အထဲမှာ နူးညံ့တဲ့ မွေ့ယာတစ်ခုလည်းပါတယ်။ ရထားလုံးရဲ့ လိုက်ကာစတွေနဲ့ လက်တစ်ကမ်းအကွာမှာ ထိုင်နေတဲ့ တုန်အာက ခေါင်းကိုယွီရှန်းဘက် လှည့်လိုက်ပြီး "ယွီရှန်းမမ မကြာခင်မြို့တော်ကို ရောက်တော့မယ်။ ကျွန်မနဲ့ မမလေးက ဒီကိုမရောက်ဖြစ်တာ တော်တော်ကြာပြီဆိုတော့ အခုမြို့တော်မှာ ဘာတွေခေတ်စားနေပြီး ဘယ်လိုအခြေအနေရှိလဲဆိုတာ မသိဘူး။ အဲ့တော့ ယွီရှန်းမမ ကျွန်မကိုသင်ပြပေးလို့ရမလား။ ဒါမှ ဘာအနှောင့်အယှက်မှမဖြစ်ဘဲ ပြန်သွားတဲ့အခါ ရယ်စရာဟာသကြီးဖြစ်မနေတော့ဘူးပေါ့"

တကယ်တော့ ကျန်းလီနဲ့ တုန်အာက အသက်ဘယ်လောက်မှ ကွာတာ မဟုတ်ဘူး။ ကျန်းလီ ချင်ချန်းတောင်ကို အပို့ခံလိုက်ရတုန်းက တုန်အာက ဘာမှ မသိနားမလည်တဲ့ အစေခံငယ်လေးပဲ ရှိသေးတာ။

သူမရဲ့ မြို့တော်နဲ့ပက်သက်ပြီး မှတ်မိတာဆိုလို့ လုံးဝမှုန်ဝါးဝါးဘဲရှိတယ်။ယွီရှန်းက ရယ်မိသွားပြီးပြန်ပြောတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now