Part 34

971 102 0
                                    

အခန်း (၃၄.၁)

ငှက်နှစ်ကောင်

ကျန်းလီရဲ့ ပါးစပ်ကနေ ယွီရှန်းရဲ့ အမည်ထွက်လာတာကို ကြားရတော့ လူတိုင်းက ရုတ်တရက် အံ့ဩသွားခဲ့ကြတယ်။

လူအုပ်ထဲမှာ၊ သူမရဲ့ ခေါ်နေတဲ့အသံကြောင့်မို့ ယွီရှန်းက သတိမထားမိခဲ့ဘူး။ ကျန်းလီ ပြောတာကို သေသေချာချာ မကြားခင်အထိ၊ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက ကျိရှုရန် ရဲ့ အမူအရာကို ကြည့်နေခဲ့ဖို့ပဲ ဖြစ်ခဲ့တယ်။

လူအုပ်ကြားထဲမှာ ကျိရှုရန်က သူမကို လူသေတစ်ယောက်လိုမျိုး စိုက်ကြည့်နေတယ်ဆိုပြီးတော့ ယွီရှန်း က ခံစားခဲ့ရတယ်။

သူမက ငြင်းပယ်ဖို့ မသိစိတ်ကနေ ခေါင်းခါပြခဲ့ချင်ပေမဲ့၊ ကျန်းလီက ကျေးဇူးတင်တဲ့ပုံနဲ့ သူမဘက်သို့ လှည့်လာပြီးတော့ သူမရဲ့ ကျေးဇူးသိတတ်မှုကို ပြသရင်းနဲ့ ပြောခဲ့တယ်။

"ရှန်းချောင်ကို သတိမထားမိခင်က ယွီရှန်း က ကျွန်မကို သတိပေးလာခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မက သူမကို သိပ်ပြီးတော့ မယုံခဲ့ဘူး။ အခု အဲဒါကို ပြန်တွေးကြည့်တဲ့အခါမှာ၊ ကျွန်မက အရမ်းစိတ်ကြီးဝင်နေခဲ့တာ။ ကျေးဇူးတင်ပါတယ်။ ယွီရှန်း"

အဲ့ဒီနောက်မှာ သူမက ကျိရှုရန်အား ပြောခဲ့တယ်။

"အမေက ရှန်းချောင်နဲ့ အမှားတွေ လုပ်ခဲ့ပေမဲ့၊ ယွီရှန်းကို သမီးအနားကို ပို့ပေးခဲ့တဲ့ ထောက်ထား ညှာတာမှုတွေအတွက် ကျန်းလီက ကျေးဇူးအများကြီး တင်ပါတယ်"

ကျိရှုရန်က ပြုံးပြလိုက်တယ်။ ဒါပေမဲ့ အခုအချိန်မှာ သူမက ဘာတွေ ခံစားနေရသလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ကြဘူး။

ဒီအချိန်မှာ တစ်ခုခုပြောဖို့ဆိုတာ ယွီရှန်းအတွက် အရမ်းနောက်ကျသွားခဲ့တယ်။ အဲဒါအပြင် သူမက ဧည့်သည်တွေအရှေ့မှာ၊ အမှန်အတိုင်း ချေပနိုင်စွမ်း မရှိခဲ့ဘူး။ ရှန်းချောင်က ပတ္တမြားဆံထိုးကို အမှန်တကယ် သေချာ ဝှက်ထားခဲ့ပေမဲ့၊ ယွီရှန်းကလည်း သူမရဲ့ အခန်းထဲက နေရာကို လျှို့ဝှက်စွာ ဖော်ထုတ်ခဲ့တယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုက မတရားမှုရဲ့ ကံကြမ္မာဆိုးကို ခံစားခဲ့ရတယ်။ ရှန်းချောင်နဲ့ သူမကို ကျန်းလီရဲ့ နံဘေးက သူလျှိုတွေ အဖြစ် ကျိရှုရန်က စီစဉ်ခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ပါးစပ်ကို အားကိုးပြီးတော့၊ ရှန်းချောင်က ကျန်းလီရဲ့လက်ကနေ အံ့သြစရာကောင်းတဲ့ လက်ဆောင်များစွာကို ရရှိခဲ့တယ်။ ကျိရှုရန်ရဲ့အနားမှာ နောက်ထပ် ၁၀နှစ်လောက်နေခဲ့ရင်တောင်မှ၊ အဲဒီလိုမျိုး လက်ဆောင်တွေကို သူတို့က ရနိုင်မှာ မဟုတ်ခဲ့ဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now