Part 26

1K 100 0
                                    

အခန်း (၂၆)

ခုနစ်လပိုင်းရဲ့ သုံးရက်မြောက်နေ့က ကျန်းယို့ရောင်ရဲ့ မွေးနေ့ပဲ။မနေ့ညနေကတည်းက ကျန်းအိမ်တော်တစ်ခုလုံး ပျားပန်းခပ် လှုပ်ရှားဆူညံနေကြတယ်။ နဂိုထဲက သီးခြားမေ့ဖျောက်ခံထားရတဲ့ ကျန်းလီကိုတော့ ဘယ်သူမှစိတ်ထဲမရှိတာ သဘာဝပဲ။ အဲ့ဒါကြောင့် နောက်တစ်နေ့မနက်ခင်းမှာ ကျန်းလီအဆောင်ကို မနက်စာပို့ပေးဖို့ကို စားဖိုဆောင်က ဘယ်သူမှ သတိမရကြဘူး။ အဲ့အတွက်ကြောင့် တုန်အာက ကျန်းလီအတွက် ကိတ်မုန့်ဖြစ်ဖြစ် အစာသွပ်မုန့်တစ်ခုခုများ ကျန်သေးမလားလို့ သူကိုယ်တိုင် သွားရှာပေးခဲ့ရတယ်။

သူမဟာ အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး ကျန်းလီဘက်မှာ ရပ်တည်ပေးရင်း အားလုံးကို အော်ပြောချင်နေခဲ့တယ်။

"ဒါက ဘာမဟုတ်တဲ့ ရိုးရာပွဲလေးတစ်ခုပဲ ပြီးတော့ နှစ်ယောက်လုံးက ကျန်းအိမ်တော်ရဲ့ ဂုဏ်သရေရှိ သခင်မလေးတွေပဲကို

ဒီလောက်ကြီးထိ သူများကို ခွဲခြားဆက်ဆံပြီး သူ့အကြိုက်လိုက်နေကြတာက သိပ်ကိုလွန်လွန်းတယ်"

ကျန်းလီက သစ်အယ်သီးကိတ်ကို တစ်ကိုက်ကိုက်ရင်း သူမကို ဖြေသာအောင် ပြောပေးနေတယ်။

"ကျန်းယို့ရောင်က ဒီအိမ်တော်က လူတိုင်းရဲ့လက်ထဲက တန်ဖိုးရှိပုလဲလုံးလေးပဲလေ ဒီနေ့က သူ့ရဲ့ ရိုးရာမွေးနေ့ပွဲဆိုတော့လည်း...အင်းပေါ့ အရေးကြီးတဲ့ပွဲပဲ..ပြီးတော့ ဒီနေ့ မျိုးရိုးမြင့်တွေ အများကြီးလာကြမှာဆိုတော့ သူတို့ကို ဂရုမထားလို့မှ မရတာ"

"မမလေး ပြောနေတဲ့ပုံက မသိရင်အပြင်လူ အတိုင်းပဲ မမလေးက သည်းခံနိုင်ပေမဲ့ ဒီအစေခံကတော့ ခံပြင်းမိတယ်"

သူကဆက်ပြောတယ်။

"ဒီခြံဝန်းဆောင်ထဲမှာ အပြင်ကလှည်းကျင်းဖို့ အစေခံမလေးတွေကလွဲရင် ဘယ်သူမှမရှိဘူး အဲ့ယွမ်ရွှမ်းကလည်း အစေခံဘဲကို သူကလူတွေမြင်အောင် တစ်နေကုန် စိတ်ပျက်နေတဲ့မျက်နှာထားလုပ်နေတယ် မမလေးက သူ့ကိုဘယ်လိုခိုင်းလို့ရတော့မှာလဲ အဲဒါ အသာထား အဲ့ရှန်းချောင်ကရောဘာထူးလဲ လက်ဝတ်ရတနာတွေကျ ယူပြီး ဒီနေ့ကျ အရိပ်တောင် ပေါ်မလာဘူး သေချာတယ် သူသခင်မကျီဆီမှာ ထပ်အကျိုးအမြတ်ရဖို့ သွားဖားနေတာပဲ ဖြစ်ရမယ် ဖီ! တကယ့်ကို ထိန်းကျောင်းပေးလို့မရတဲ့ မျက်ဖြူ ဝံပုလွေကို မွေးထားမိတာပဲ!"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now