Part 10.2

2.1K 190 2
                                    

အခန်း (၁၀.၂)

အလှတရား

ဘယ်လိုဆိုဆို၊ သူက သူ့ကိုယ်သူတော့ အရမ်းကြွားဝါတတ်တယ်။ ကောလဟာလတွေ အရဆိုရင် ဝန်ကြီးတွေ မပြောနဲ့၊ မင်းသားတွေတောင်မှ သူနဲ့ တွေ့ဆုံတဲ့အချိန်မှာ နည်းနည်းတော့ သည်းခံခဲ့ရတယ်။ ကျီဟန်ရဲ့ စိတ်က လျှို့ဝှက်နက်နဲခဲ့တယ်။ မင်းက သူ့ကို စော်ကားမယ်ဆိုရင်၊ မင်းက ကိုယ့်ဒုက္ခကို ရှာသလို ဖြစ်နေလိမ့်မယ်။ သူက ကြွယ်ဝတဲ့ အရောင်တွေနဲ့ ယှဥ်ရင် လှပတဲ့ အဝတ်အစားတွေကို ဝတ်ရတာကို ပိုကြိုက်နှစ်သက်ခဲ့တယ်။ သူက လှပတာကို နှစ်သက်ပေမဲ့ ကျက်သရေမရှိတာကိုတော့ ရွံရှာစက်ဆုပ်ခဲ့တယ်။ အိမ်တော်ထဲမှာရှိတဲ့ ရာထူးကြီးတဲ့၊ ရာထူးငယ်တဲ့ အမျိုးသားအစေခံတွေ အားလုံးဟာ သပ်ရပ်စွာ ဝတ်စားတတ်ခဲ့ကြပြီး လှပခဲ့ကြတယ်။

ကျိီဟန်မှာ ဝါသနာနှစ်ခု ရှိခဲ့တယ်။ ပထမတစ်ခုက ပန်းတွေကို စုဆောင်းရတာဖြစ်ပြီးတော့ ဒုတိယတစ်ခုက ပြဇာတ်တွေကို ကြည့်ရတာပဲ ဖြစ်ခဲ့တယ်။ သူ့ရဲ့ အိမ်တော်ထဲမှာ ကမ္ဘာပေါ်က အထူးခြားဆုံး ပန်းမျိုးစုံကို စုဆောင်းထားခဲ့တယ်။ သူက ပြဇာတ်အဖွဲ့တွေကို စုဆောင်းရတာကိုလည်း နှစ်သက်ခဲ့တယ်။ သူတို့က နားထောင်ရတာ ကောင်းမွန်ခဲ့တယ်ဆိုရင်၊ ကျီဟန်က ငွေစ တစ်ထောင်ကို ချီးမြှင့်ခဲ့လိမ့်မယ်။ ဒါပေမဲ့ အဲဒါက နားထောင်ရတာ အဆင်မပြေဘူးဆိုရင်၊ ယန်ကျင်းကနေ မိုင်တစ်ထောင်လောက် ကွာဝေးတဲ့နေရာမှာ ပြဇာတ်အဖွဲ့ကို သွားစွန့်ပစ်ဖို့ သူ့လူတွေကို ချက်ချင်းခေါ်လိမ့်မယ်။ ယန်ကျင်း မြို့တော်မှာရှိတဲ့ ဖျော်ဖြေရေးသမားတွေက သူ့ကို ချစ်ခင်ကြသလို၊ မုန်းလဲ မုန်းတီးခဲ့ကြတယ်။

ကျီဟန်က ပြဇာတ်အဆိုတော်တွေကို ပြုစုပျိုးထောင်ရတာကို နှစ်သက်တာကြောင့်မို့ ပြဇာတ်တွေကို ကြည့်ရတာ ကြိုက်တာ ဆိုပြီးတော့ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးတယ်။ ယန်ကျင်းမြို့တော်မှာရှိတဲ့ ချမ်းသာပြီး နာမည်ကြီးတဲ့မိသားစုက သားတွေကလည်း ဒီလို ရှက်စရာကောင်းတဲ့ ဝါသနာမျိုး ရှိခဲ့ကြတယ်။ ဒါပေမဲ့ အဲလိုပြောခံရပြီးတဲ့နောက်မှာ၊ ကျီရှန်း ပြဇာတ်အဖွဲ့မှာ လူသိများတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့၊ လျူရှန်းဟာ ခြေလက်လေးချောင်းလုံးကို အချိုးခံရကာ အိမ်တော်အပြင်ဘက်မှာ စွန့်ပစ်ခြင်းခံခဲ့ရတယ်။ လျူရှန်းက အိပ်ရာပေါ် တက်ဖို့ ကျရှုံးခဲ့ပြီးတော့ စွန့်ပစ်ခြင်းခံခဲ့ရတယ်လို့ တစ်ယောက်ယောက်က ကြားခဲ့တယ်။ ဒါပေမဲ့ ဒီကောလဟာလက အခြေအမြစ် မရှိခဲ့ဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now