Part 9.1

1.6K 180 1
                                    

အခန်း (၉.၁)

အချစ်ရေးရာ

သခင်မကြီးလျူရဲ့ နောက်ကွယ်မှာ မတ်တပ်ရပ်နေသော သခင်မကြီးတွေနဲ့ သခင်ကြီးတွေပါတဲ့ လူအုပ်ကြီးက သခင်မကြီးလျူရဲ့ ပဟေဠိဆန်တဲ့ စကားတွေကို ကြားရတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြတယ်။ ဒီဒုတိယသခင်မလေး ကျန်းက ပထမဇနီးရဲ့ မနာလိုစိတ်ကြီးမားတဲ့ သမီးအရင်း ဖြစ်ခဲ့တယ်။ သူမက သနားစရာကောင်းတဲ့ပုံ ပေါ်နေပေမဲ့၊ သူတို့က သူမကို ကူညီဖို့ဆိုရင်၊ ကျီရှုရန်ကို ဆန့်ကျင်နိုင်မှရလိမ့်မယ်။ အခုအချိန်မှာ၊ ဒုဝန်ကြီးအဆင့်ရှိတဲ့ ကာကွယ်ရေး ဝန်ကြီး ကျိဟာ ဧကရာဇ် ဟောင်ရှောင်ရဲ့ ယုံကြည်ရတဲ့ တစ်ဦး ဖြစ်ခဲ့တယ်။ အဲဒါအပြင် လက်ထောက်အကြီးအကဲရဲ့ မိသားစုကိစ္စတွေဆိုတာက ဘယ်သူမဆို စီမံခန့်ခွဲနိုင်တဲ့ အရာမဟုတ်ခဲ့ကြဘူး။ ဒါကြောင့်၊ လူတိုင်းက အကူအညီမပေးဘဲ စောင့်ကြည့်ဖို့သာ စီစဉ်ခဲ့ကြတယ်။

ဒုတိယကျန်းသခင်မလေးက သခင်မကြီးလျူကို စကားလုံးအနည်းငယ်နဲ့ နှုတ်ဆက်ရုံမျှသာ နှုတ်ဆက်ခဲ့ပေမဲ့၊ အဲ့ဒီနောက်မှာတော့ သခင်မကြီးလျူက သူမကို ယန်ကျင်းကို အတူတူပြန်လာဖို့ ချက်ခြင်း ကမ်းလှမ်းခဲ့လိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိခဲ့မှာလဲ။ လူတိုင်း အံ့သြခဲ့ရတာက၊ သခင်မကြီးလျူက ဒီမရင်းနှီးနဲ့ ကလေးမလေးကို ကူညီဖို့ရာ ကျီမိသားစုကို စော်ကားဖို့ရာ တွန့်ဆုတ်မနေခဲ့ကြဘူး။

လူတိုင်းကို ပိုပြီးတော့တောင် အံ့သြစေခဲ့တဲ့အရာက၊ ဒုတိယကျန်းသခင်မလေးက ငြင်းဆန်နေဆဲ ဖြစ်ခဲ့တယ်။

ကျန်းလီရဲ့ အဖြေကို ကြားလိုက်ရတဲ့အခါမှာ လူတိုင်းက အံ့အားသင့်သွားခဲ့ကြတယ်။ တုန်အာကလည်း သူမရဲ့ စိတ်ထဲကနေပါ စိုးရိမ်နေခဲ့တယ်။ သခင်မကြီးလျူက ကျန်းလိီကို မျက်နှာချင်းဆိုင် မေးမြန်းလိုက်တယ်။

"ဒုတိယကျန်းသခင်မလေး၊ အကြောင်းပြချက်က ဘာကြောင့်လဲ"

ကျန်းလီက ပြုံးပြီးတော့ ပြန်ဖြေလိုက်တယ်။

"ခမည်းတော်က ကျွန်မကို ကိုယ်ကျင့်တရားကို တိုးတက်ကောင်းမွန်လာစေဖို့ရာ မိသားစု ဘုရားကျောင်းကို ကျွန်မကို ပို့ခဲ့တယ်။ နေထိုင်ရတာ ခက်ခဲခဲ့ပေမဲ့၊ မိသားစုရဲ့ ငြိမ်းချမ်းမှုနဲ့ ကျန်းမာရေးအတွက် ကျွန်မ ဆုတောင်းပေးနိုင်ခဲ့တယ်။ လမ်းတစ်ဝက်မှာ စွန့်လွှတ်ပြီး အရှုံးပေးလိုက်ရင်၊ ဘုရားတရားကို ပြစ်မှားစော်ကာသလိုမျိုး ဖြစ်သွားလိမ့်မယ်။ အဲဒါအပြင် ခမည်းတော်က ကျွန်မကို ပြန်လာဖို့ ခွင့်မပြုသေးတဲ့အတွက် ကျွန်မက ကိုယ့်ဘာသာ မဆုံးဖြတ်ရဲပါဘူး"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now