Part 29

956 102 0
                                    

အခန်း (၂၉)

"ဘုရားရေ ဒါဘာကြီးလဲ"

ကျန်းယို့ရောင်ရဲ့ ကြောက်လန့်တကြား အော်သံက ခန်းမထဲက ပျော်ရွှင်ဖွယ်လေထုကို ချိုးဖျက်သွားတယ်။ အနားက ဧည့်သည်တွေက မသိစိတ်ရဲ့စေ့ဆော်မှုအရ သူ့လက်ထဲက ဘူးထဲကိုကြည့်ဖို့ တိုးကပ်လာကြတယ်။ ကျန်းယွမ်ပိုင်နဲ့ ကျန်းသခင်မကြီးက အဝေးမှာဆိုတော့ ဘူးထဲကဘာဆိုတာ သူတို့ ကောင်းကောင်း မတွေ့ရဘူး။ လုရှီနဲ့ယန်ရှီက ကြည့်ဖို့ထလာကြပြီး ယောက်ျားလေးဧည့်သည်တွေရပ်နေတဲ့နေရာက ကျန်းကျင်းရွဲ့ကလည်း ကြည့်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်ပေမဲ့ ဘေးက သူ့အစ်ကို ကျန်းကျင်းယို့ကပြန်ဆွဲထားတယ်။

ကျန်းယို့ရောင်က ဘာမှမပြောရသေးခင် သူ့ဘေးက အစေခံမလေး ကျင်းဟွာက ဘူးထဲက ပစ္စည်းလေးကို လှမ်းယူကာထုတ်လိုက်ပြီးနောက် သူမက ကျန်းလီကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး အော်လိုက်တယ်။

"ဒုတိယသခင်မလေး ဒါဘာသဘောလဲ"

ထိုအစေခံက ဘူးထဲက အရာကိုထုတ်ကိုင်လိုက်တာကြောင့် လူတိုင်းက ရှင်းရှင်းလင်းလင်းမြင်သွားကြတယ်။ သူမကိုင်ထားတာက ပတ္တမြားဦးရစ်တန်ဆာ တစ်ခုပဲ... ဖြတ်ခနဲ တစ်ချက်လောက် ကြည့်လိုက်ရင်တော့ တန်ဖိုးရှိပုံဆိုပေမဲ့ သေချာကြည့်မယ်ဆို အဲဒါရဲ့ မျက်နှာပြင်တစ်ခုလုံးအပေါ်မှာ နက်ရှိုင်းတဲ့ ဓားမွှန်းရာတွေက အကျည်းတန်စွာရှိနေတာကြောင့် ဘေးကသူတိုင်းက ပင့်သက်ရှိုက်သွားကြရတယ်။

"ဒုတိယသခင်မလေးက ကျွန်မတို့ သခင်မလေး ၃ ကိုမကျေမချမ်းနဲ့ မနှစ်သက်တာ ဒီကအစေခံတွေ အကုန်လုံးသိတယ်ဆိုပေမဲ့ သခင်မလေးရဲ့ မွေးနေ့ပွဲမှာ ဒီလိုလုပ်တာကတော့ အရမ်းလွန်တယ်"

ထိုအစေခံပြောတဲ့ လေသံက ကျန်းလီအပေါ် လေးစားသမှု နည်းနည်းတောင် မရှိဘူး။ အကယ်လို့ တခြားအိမ်တော်မှာ အစေခံက သခင်အပေါ် လေးစားသမှုမရှိ ဒီလိုတင်စီးရိုင်းစိုင်းလို့ကတော့ ထိုအစေခံက မနက်ဖြန် နေထွက်တာတောင် မြင်ရတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီမှာတော့ သူမလေသံကို ဘယ်သူမှ အပြစ်မတင်ကြဘူး။ အမှန်တော့ သူမက သခင်အပေါ် သစ္စာရှိလို့ အစေခံတွေကြား မျက်နှာသာအပေးခံထားရသူ ဖြစ်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now