Ch 68
ကျန်းလီနဲ့ မုန့်ဟုန်ကျင်းတို့ရဲ့ အလောင်းအစားက အဖြေတစ်ဝက်ထွက်လာပြီ ဖြစ်တယ်။ ကျန်းလီက ဒီတစ်ခေါက် နိုင်သွားတဲ့အတွက် လောင်းကစားရုံကြီးတွေမှာ နှစ်ဖက်ကွဲသွားတော့တယ်။ အခုချိန်မှာ လူတွေတွေးနေမိတာက ကျန်းလီသာ နောက်ထပ်၃ခုမှာထပ်နိုင်သွားခဲ့ရင် မုန့်ဟုန်ကျင်းက အင်ပါယာကျောင်းပေါက်ဝမှာ ဒူးထောက်ရုံတင်မက သူ့အပေါ်ဝတ်ရုံကိုပါ ချွတ်ကာ ကျောပေါ်မှာ ကျင်းထျန်းအပင်တင်ရင်း တောင်းပန်ရမှာကိုပဲ....။ဒီရက်ပိုင်းအတွင်း ကျန်းလီတို့ရဲ့ လောင်းကြေးက မြို့တော်အတွင်းက ဆိုင်တွေအားလုံးကို စီးပွားရေးကောင်းအောင် လုပ်ပေးလိုက်သလိုပဲ..... ဆိုင်တိုင်းလိုလိုမှာ ချမ်းသာတဲ့အိမ်တော်က သခင်လေးတိုင်းက ပြဇာတ်ကောင်းတစ်ပုဒ်ကိုကြည့်ရဖို့အတွက် တစ်နေကုန်ထိုင်နေကြလို့ ဖြစ်တယ်။ နောက်လာမယ့်စစ်ဆေးမှု၃ခုထဲက မြင်းစီး မြှားပစ်အတတ်တွေမှာ မုန့်ဟုန်ကျင်းက ဆရာတစ်ဆူဆိုတာ ယန်ကျင်းတစ်မြို့လုံးသိတယ်။ ကျန်းလီရဲ့ အောင်မြင်မှုတွေက အခုမှတစ်ခုပဲရှိသေးတယ်။ ပြီးတော့ ဂီတမှာဆို အာရုံစိုက်ရမှာက ကျန်းလီကိုမဟုတ်ဘဲ သူ့ညီမဖြစ်တဲ့ တစ်မူထူးခြားတဲ့စွမ်းရည်နဲ့ ကျန်းယို့ရောင်ကိုပဲ..။ အဲ့တော့ အလောင်းအစားကတစ်ဝက်ရောက်နေသည့်တိုင်အောင် နောက်ဆုံးရလဒ်ကို ဘယ်သူမှကြိုတင်မမှန်းဆနိုင်သေးဘူး။
ကြေငြာချက်ထွက်ပြီ ဖြစ်တယ်.... စစ်ဆေးမှု၃ခုအနက် ဂီတဘာသာရပ်ကို မနက်ဖြန် မနက်မှာ စတင်စစ်ဆေးမှာဖြစ်တယ်။
ရှုရှို့ အဆောင်အတွင်း>>>
လက်ရှိမှာ ကျန်းယိုရောင်တစ်ယောက် သူ့လက်ထဲကယပ်တောင်ကို အငြှိုးကြီးစွာနဲ့ ဆုတ်ဖြဲနေတယ်။ ယပ်တောင်ဟာ ဖြူဖွေးချောမွတ်တဲ့ မျက်နှာပြင်ပေါ်မှာ အသက်ဝင်တဲ့ပုံရိပ်တစ်ခုကို အနုစိတ်ချည်ထိုးထားပြီး ပုစဥ်းရင်ကွဲရဲ့တောင်ပံတွေလို ပါးလွှာကာ သူ့ရဲ့လက်ကိုင်ကတင်ပဲ ငွေတုံး ၁၀တုံးလောက် ကုန်ကျနိုင်တယ်။ အခုတော့ အဖိုးတန်ယပ်တောင်ဟာ သူမလက်ထဲ တစ်စစီ သနားစရာဘဝကိုရောက်သွားရှာပြီ။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...