အခန်း2

663 99 8
                                    

Chapter 2:

စာသင်နှစ် ပြီးခါနီးဖြစ်၍ အခုမှ ကျောင်းသားအသစ် ပြောင်းလာခြင်းမှာ အလွန်ရှားသည်။
ကျောင်းသားတွေအားလုံးက ကျောင်းပြောင်း‌လာသည့်သူအားစပ်စုနေကြသည်။

မျက်မှန်ကိုင်းအထူ နှင့် ကောင်လေးက နင်အာရဲ့ လက်မောင်းကို တွန်းလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။
"ငါတို့ ကျောင်းက ဝင်ဖို့ခတ်တယ်မဟုတ်လား
နင်အာ မင်းက နယ်ခံဆိုတော့
ကျောင်းပြောင်းလာတဲ့ကျောင်းသားအကြောင်းကြားဖူးလား?"
လူတိုင်းက နင်အာကိုကြည့်လာကြ၏။
ဖောင်တိန်က သူ့ရဲ့လက်ထိပ်လေးတွေမှာ လည်ပတ်လျက်ရှိနေပြီး နင်အာ တစ်ဖြည်းဖြည်းချင်း ကိုယ်ကိုမတ်လာသည်။
တစ်ခဏသာ စဉ်းစာပြီးနောက် ခေါင်းရမ်းပြလိုက်သည်။
"ငါမကြားဖူးဘူး သူ့နာမည်ဘာတဲ့လဲ"
လူတိုင်းက ခေါင်းရမ်းပြ၏။

ယန်ချိန် နယ်တစ်ဝိုက်ရှိ အထက်တန်းကျောင်းများထဲတွင်
ယန်ကျုံ ကျောင်းက အကောင်းဆုံးကျောင်းဖြစ်သည်။
နှစ်တိုင်း ရှင်းပိန် တက္ကသိုလ်ကျောင်းသားများ ဒါဇင်နဲ့ချီ မွေးထုတ်ခဲ့ပြီးပြီ ဖြစ်သည်။
ယန်ကျုံ ကျောင်းတွင် အထူးသဖြင့် အထက်တန်းကျောင်းစဖွင့်ချိန်နှင့် စာသင်နှစ်ကုန်ခံနီး ကြား၌ ကျောင်းပြောင်းကျောင်းသား အလွန် ရှား၏။
စာသင်နှစ် ပြီးဆုံးခါနီးအချိန်တွင်
ရုတ်တရက် ကျောင်းသားအသစ် ရောက်ရှိလာ၍ လူတိုင်း က စိတ်ဝင်စားနေကြ ခြင်းဖြစ်သည်။
  အရှေ့တန်းတွင် ထိုင်နေသည့် ကောင်မလေးက သူကိုယ်တိုင် လုပ်ထားသည့် မုန့်အချိုတစ်ဘူးယူလာပြီး နင်အာ ကို နှစ်ခုခွဲပေးလိုက်သည်။
ထို ကောင်မလေးပေးထားသည့်အချိုမုန့် အားအိပ်ထောင်ထဲသို့ ထည့်လိုက်သည်။
ဒီတစ်ခါမှာတော့ ကျောင်းသားတွေပြောနေကြတဲ့ ခေါင်းစဉ်က  နောက်လာမည့် လရှိ နောက်ဆုံး စာမေးပွဲကြီး အကြောင်းသို့ ပြောင်းသွား၏။
နင်အာ လည်းစိတ်အခြေနေ ပြန်ကောင်းသွားကာ သူမက်ခဲ့သည့်အိပ်မက်ကိုပင် မေ့လုနီးပါးဖြစ်သွားသည်။
သူအပြုံးလေးဖြင့် သူတို့ထဲ စကားဝင်ပြောနေလိုက်၏။
ခဏစကားပြောလိုက်ပြီးနောက်တွင် အတန်းချိန်ပြန်စတော့မည်ဖြစ်၍ လူတိုင်း ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ကြသည်။
စားပွဲပေါ်တွင် တင်ထားသော လက်အား ဘောပင် အဖုံးဖြင့် တိတ်တိတ်လေးစွပ် နေစဉ် သူတခြားဘက်သို့လှည့်လိုက်၏။
နင်အာ ကတိုးတိုးလေးမေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
ကျန်းချန် ကမျက်လုံး မှေးပြလိုက်ကာ
စာရွက်ပေါ်တွင် စာတချို့ရေးလိုက်ပြီ
သူ့ကိုပေးလိုက်သည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now