အခန်း 39

195 25 8
                                    


အခန်း 39-

ဘားမှာ ရှုပ်ထွေးနေပြီး DJ ၏ ကျယ်လောင်သော အသံက ခန်းမအတွင်းရှိ စပီကာများမှတဆင့် ပဲ့တင်ထပ်သွား လေသည်။ ထို့အပြင် အနိမ့်နှင့် စည်းချက်ကျသော ဂီတက အသံအားလုံးကို ပိတ်ဆို့ထားလျက်။

ရှောင်ပေါ်ဟန် ၏ နှုတ်ခမ်းများက ‌နင်အာ ၏နားနှင့် နီးကပ်နေပြီး သူပြောသောအခါတွင် သူ့နှုတ်ခမ်းများ ပွင့်လာပြီး ပိတ်သွားကာ ထိလွယ်ရှလွယ်သော နားရွက် အဖျားလေးအား ယောင်ဝါးဝါးဖြင့် ပွတ်တိုက်လိုက်သည်။

ဘယ်သူမှမမြင်နိုင်တဲ့ ထောင့်တစ်နေရာမှာ မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်၌ ‌နင်အာ ရှက်ရွံ့လာပြီး ဒီလူရဲ့လက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေခဲ့၏။ သို့သော် ရှောင်ပေါ်ဟန် သူ့ထက်သာ၍ သန်မာသောကြောင့် ခဏတာမျှ မခွဲခွာဘဲ သူ့အသံမှာ အနည်းငယ် ဝမ်းနည်းသွားသည်- "မင်းဘာလုပ်နေတာလဲ..."

ဟူသောမကျေနပ်ချက်မျိုးက ရှောင်ပေါ်ဟန် ရဲ့ နှလုံးသားထဲ၌ သနားစရာအဖြစ်သို့ ပြောင်း လဲသွားသည်။ 

သူက ‌နင်အာ ခါးပေါ်သို့ လက်တစ်ဖက်တင်လိုက်ပြီး နောက်တစ်ဖက်ကို ပါးအား ကိုင်ကာနမ်းလိုက်သည်။ ‌နင်အာ သူ့အား ဖက်ထားသည်ကို အတတ်နိုင်ဆုံး ဖြေလျှော့လိုက်သောအခါတွင် ရှောင်ပေါ်ဟန်က နောက်ပြန်လှည့်ကာ ကောင်လေးကို လက်နှစ်ဖက်ဖြင့် နံရံနှင့် ဖိလိုက်သည်။

‌နင်အာ အံ့အားသင့်စွာဖြင့် ခေါင်းကို မြှောက်လိုက်မိသည်၊ ရှောင်ပေါ်ဟန်၏ နက်မှောင်သော မျက်လုံးများသည် အပြုံးရိပ်တစ်ခုဖြင့် တောက်ပလာပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း နိမ့်ကျသွားသည် ။

"ကိုယ် ဘာလုပ်နေတာလဲလို့ မင်းမေးနေတာမလား  ရှောင်အာ့ ကိုယ်ဘာလုပ်နေလ်ို့ ထင်လဲ"

ဒီလူက သူ့ရဲ့လက်တွေကို ဖိလိုက်တော့ နင်အာရဲ့ နှုတ်ခမ်းတွေလှုပ်သွားပြီး သူရဲ့နှလုံးသားက ပြင်းထန်စွာခုန် ပေါက်သွားလေသည်။

ခဏကြာတော့ သူက ငြိမ်သက်သွားပြီး "ငါ...မင်း တစ်ခုခု မှားနေပြီလို့ ထင်လို့ မင်းမှာ တစ်ခုခုဖြစ်နေလား"

A LITTLE LOVE SONG {Complete} Where stories live. Discover now