အခန်း 47(end)

293 30 4
                                    


အခန်း 47

အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲက နှစ်စဉ် ဇွန်လအစောပိုင်းတွင် ပြီးဆုံးသော်လည်း ဆယ်ရက်ကျော်ကွာဟသဖြင့် ဇွန်လနှောင်းပိုင်းအထိ ရလဒ်များကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။

နင်မားမားက ‌နင်အာနဲ့ ခရီးထွက်ချင်ပေမယ့် အလုပ်အရမ်းရှုပ်နေလို့ သွားနိုင်ခဲ့ပါဘူး။ လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောင်းသားများမှာ ၎င်းတို့၏ဘဝတွင် အရေးကြီးဆုံးသော ပျဉ်ပြားတံတားကို ဖြတ်သန်းခဲ့ကြပြီး အပန်းဖြေကြရန် ထွက်လာကြသည်။ ရက်အနည်းငယ်ကြာပြီးနောက် ‌နင်အာ နှင့် ရှောင်ပေါ်ဟန်တို့ အတူတူ ခရီးထွက်ခဲ့ကြသည်။

"အဝတ်အစားတွေ ထပ်ယူသွား။ ဟိုင်နန်မှာ အရမ်းပူနေပြီ၊ နာရီအနည်းငယ်လောက် လမ်းလျှောက်ပြီးရင်တောင် မင်းရဲ့အဝတ်အစားတွေက ချွေးတွေနဲ့ ရွှဲသွားလိမ့်မယ်။ အဝတ်အစားတွေ ထပ်ယူလိုက်။ နေကာခရင်မ်လဲ ယူလာခဲ့၊ နေအရမ်းပူတယ် မြန်မြန်ယူခဲ့။"

  နင်မားမားက သူကိုယ်တိုင်ပဲ အခန်းထဲသို့ အမြန်သွားပြီး နေကာခရင်မ်ကို ‌နင်အာ ၏လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။ 

‌နင်အာ အနည်းငယ် စိတ်ရှုပ်သွားသည်- "နေကာခရင်ခ်လိမ်းဆေး?"

နင်မားမားက "မင်း အပြင် သွားတဲ့အခါတိုင်း နေရောင်ကာခရင်မ်လိမ်းရမယ်ခရမ်းလွန်ရောင်ခြည်က လူတွေနဲ့ ဓါတ်မတည့်ဘူးလို့ မားကြားခဲ့တယ်!"

နေရောင်ကာခရင်မ်ကို အရင်က မသုံးဖူးပေမယ့် နင်မားမားပြောသမျှကို သူ မှတ်ထား လေတယ်။

တစ်ညလုံး ထုပ်ပိုးပြီးနောက် ‌နင်အာ သူမလက်ထဲတွင် ဖရဲစေ့စားနေရင်းနှင့် TV ကြည့်နေရာ ရှောင်ပေါ်ဟန် ထံမှ WeChat မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်။

[ ရှောင်ပေါ်ဟန် : အားလုံး ထုပ်ပိုးပြီးပြီလား ? ]

‌နင်အာ က ဖရဲစေ့ကို ကိုက်ကာ-

[ပြီးပြီ၊ မင်း ရောထုပ်ပိုးပြီးပြီလား။ ]

【မလုပ်ရသေးဘူး။ 】

‌နင်အာ အံ့အားသင့်သွားသည် 【မနက်ဖြန်မနက် ဆိုလေယာဉ် ပေါ်တက်ရတော့မှာကို ဘာဖြစ်လို့လဲ】

A LITTLE LOVE SONG {Complete} Where stories live. Discover now