အခန်း 25

233 31 0
                                    

   
အခန်း 25-

ထိတွေ့လိုက်ကာ နူးညံ့ပျော့ပျောင်းပြီး ရနံ့သည် ထင်ထားသည့်အတိုင်း အတိအကျဖြစ်သည်။

သူတို့ရဲ့ နှုတ်ခမ်းတွေကို ထိတွေ့လိုက်တဲ့အခါ ရှစ်နှစ်အကြာ တွေးနေမိတဲ့ ခံစားချက်တွေနှင့် ရှစ်နှစ်လေးလကြာအောင် စောင့် ဆိုင်း‌ နေခဲ့ရသည်များက ငြိမ်သက်သွားသလို ဒီအခိုက်အတန့်တွင် ရုတ်တရက် ငြိမ်သက်သွား၏။

ရှောင်ပေါ်ဟန် ရဲ့ နှလုံးသားက ရုတ်တရက် ငြိမ်သက်သွားပြီး ကမ္ဘာကြီးတွင် တိတ်ဆိတ်သွားကာ သူနဲ့ သူကြိုက်တဲ့ ရှောင်အာ့သာ ကျန်ရှိတော့သည်။

ရွှေရောင်နေရောင်ခြည်က သူတို့နှစ်ယောက်ကို ထွန်းလင်းတောက်ပစေခဲ့၏။ ရှောင်ပေါ်ဟန် က မျက်လုံးတွေကိုမှိတ်ထားကာ ငြိမ်သက်စွာနမ်းလိုက်ပြီး စက္ကန့်အနည်းငယ်အကြာမှာ မတ်တပ်ထရပ်လိုက်သည်။ သူသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး နင်အာ၏ မျက်နှာပေါ်တွင် ပြန့်ကျဲနေသော ဆံပင်များကို ဖယ်ပေးလိုက်သည်။

‌နင်အာ နိုးလာသောအခါတွင်  ရှောင်ပေါ်ဟန်က မေးထောက်ကာ သူ့ကိုကြည့်ရင်း မျက်ခုံးပင့်တင်နေသည်ကို တွေ့လိုက်ရသည်။

"‌‌ ရှောင်အာ့၊ မင်း အပျင်းတစ်ပြီး နာရီဝက်လောက် အိပ်ပျော်သွားတာ"

‌နင်အာ နိုးခါစဖြစ်၍ အနည်းငယ် စိတ်ရှုပ်နေသေးသည် ။သူက ပြန်လည် ငြင်းခုန်မလာဘဲ မရှင်းမလင်းနှင့်သာ ခေါင်းညိတ်ပြလိုက်၏။

ရှောင်ပေါ်ဟန်၏ အကြည့်များသည် နင်အာ၏ ကြောင်တက်တက် အမူအရာကြောင့် အဝေးသို့ အကြည့်မလွှဲနိုင်ပေ။

   
‌နင်အာ သည်  ဘောပင်ကို  လိုက်ရှာပြီးနောက် ဘောပင်ကိုတွေ့သောအခါ ဘောပင်အား ကိုင်ထားလျက်ကာရှေ့က ဗလာစာအုပ်ကို စိုက်ကြည့်နေကာ အပြည့်ဝ မနိုးသေးဘဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေသကဲ့သို့ ပင် ဖြစ် နေသည်။

ရှောင်ပေါ်ဟန်ရှေ့တွင် ဤမျှ လွန်လွန် ကြူးကြူး ကို ချစ်စရာကောင်းအောင် ပြုလုပ်နေသဖြင့် ရှောင်ပေါ်ဟန် က  အလျင်စလိုမလုပ်ဘဲ သူ့ကို သတိမပေး‌သေးကာ ထို ပုံစံလေးအား  လောဘကြီးတက်လျက် ကြည့်နေရုံသာဖြစ်သည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now