အခန်း 46

153 21 0
                                    

       
အခန်း 46

နွေရာသီမှာ အထူးသဖြင့် ယခုနှစ်အစောပိုင်းတွင် ရောက်ရှိလာပြီး ယန်ချိန် တွင် အမြင့်ဆုံးအပူချိန်သည် 35 ဒီဂရီအထိ ရောက်ရှိခဲ့သည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမစမီ နောက်ဆုံးလတွင် ကျောင်းသားများက ယခင်ကထက် ကြောက်ရွံ့မှုနည်းပါးလာခဲ့ကြသည်။ ‌နင်အာ သည် နေ့တိုင်း အတန်းထဲတွင် စေ့စေ့စပ်စပ် လေ့လာကာ စာတမ်းများစွာ ပြုစုပီ့း ကောလိပ်ဝင်ခွင့် စာမေးပွဲကို တစ်နှစ်ကျော်ကြာအောင် ပြင်ဆင်နေပြီဖြစ်သောကြောင့် လွန်စွာစိတ်မပူတော့ပေ။

နင်ပါးပါးနှင့် နင်မားမားတို့သည်လည်း နောက်ထပ်တိုက်တွန်းစကားများ မပြောတော့။ ပထမအချက်မှာ အခုပြောနေလဲ တစ်လပဲကျန်တော့မို့၊ ဗုဒ္ဓရဲ့ခြေထောက်ကို ကိုင်ဖို့က အရမ်းနောက်ကျသွားပြီပင်။ ဒုတိယအချက်မှာ ‌နင်အာ အမြဲတမ်း ကောင်းမွန်နေပြီး သူ၏ အဆင့်များသည် လွန်ခဲ့သော ခြောက်လအတွင်း အလွန်တည်ငြိမ်ခဲ့ပြီး သူ ထိပ်တန်း 100 အဆင့်အောက် မရောက်ခဲ့ပေ။

နေ့လယ်စာစားချိန်မှာ နင်မားမားက ‌နင်အာ ကို ပုဇွန်ကျွေး နေပြီး စိတ်ခံစားချက်နဲ့ပြောလာ၏။

"မျက်လုံးတစ်မှိတ်အတွင်းမှာ သား ဒီလောက်ကြီးလာရတာလဲ ငယ်ငယ်တုန်းက သား မားသွားလေရာနောက်ကို တကောက်ကောက်လိုက်ခဲ့တာ မှတ်မိနေသေးတယ်။ အခု တော့ သားတောင်အရွယ် ရောက်လာလို့ ကောလိပ်တက်တော့မယ်။"

နင်ပါးပါးက "ရှောင်အာ့ ဒီတစ်ခါ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် သိပ်စိတ်မပူပါနဲ့၊ ဖူဒန်က  နေ ပထမအဆင့် ကိုယ်တိုင် ခေါ်ယူမှုရထားပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အမှတ် 20 ကျော်ကို ပေါင်းထည့်အုံးမှာမလား။  ငါတို့ ရှောင်အာ့ က သေချာပေါက် ဝင်ခွင့်ရသွားလိမ့်မယ် ဟား။"

"တော်ပြီ လျှောက် မပြောနဲ့ တော့  ရှင်ပြောတဲ့စကားက ‌နင်အာကို ဖိအားများသွား စေလိမ့်မယ်..." နင်မားမားက အမြန်ပြောပေမယ့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် ပျော်နေတာကို မဖုံးနိုင်။ ကျောင်းစု ပြည်နယ် ၏ စုစုပေါင်းရမှတ်မှာ 485 ဖြစ်ပြီး အဆိုပါ 20 မှတ်ကျော်၏ တိုက်ရိုက် ဘောနပ်စ်ဖြင့်ပင်  ဖူဒန် တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသည်မှာ သေချာပါသည်။

A LITTLE LOVE SONG {Complete} Waar verhalen tot leven komen. Ontdek het nu