အခန်း 40

208 27 5
                                    

အခန်း 40

‌နင်အာ ၏လက်များက သေးငယ်သည်မဟုတ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြောနိုင်သော်လည်း သာမန်ယောက်ျားလေးများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် အနည်းငယ်သေးငယ်နေသေးသည်။

ရှောင်ပေါ်ဟန်က အလွန်အရပ်ရှည်သဖြင့် လက်က အရွယ်အစားကြီးလှသည်။ သူက ‌နင်အာ ၏သေးငယ်သော နှင်းဖြူရောင်ကဲ့သို့လက် ဖွေးဖွေးလေးအား ဆုပ်ကိုင်ထားပြီး နူးညံ့သော အထိအတွေ့က သူ့နှလုံးသားကို အနည်းငယ်လှုပ်ခါသွားစေသော်လည်း ခဏတာမျှပင်ဖြစ်ကာ ‌နင်အာ ၏ ဘယ်ဘက်လက်၏ လက်သူကြွယ်တွင် အနီရောင်အစက်ကလေးမှာ သူ့အာရုံကို စွဲဆောင်သွားခဲ့သည်။

"နှင်းကိုက်တာလား?"

‌နင်အာ က ဦးစွာ ခေါင်းယမ်းလိုက်ပြီး "နှင်းကိုက်တာတော့ မဖြစ်သေးပါဘူး၊ ဒါပေမယ့် နောက်နှစ်ရက်လောက်ဆို ဖြစ်လိမ့်မယ်။"

ယန်ချိန် က ပင်လယ်နဲ့ နီးတော့  ဆောင်းရာသီဆို လေပြင်းတွေ တိုက်နေကာ ပိုင်စု ပြည်နယ်အတွင်း အခြားသော ကုန်းတွင်းပိုင်းမြို့များမှာလည်း ပို အေးလာလေ့ရှိသည်။

ရှောင်ပေါ်ဟန် က သူ့လက်ကို ကိုင်ထားပြီး အချိန်အတော်ကြာ ကြည့်နေပြီး‌နောက် အခန်းထဲက ထွက်သွားကာ ရှောင်ပေါ်ဟန် က ဘာလုပ်မယ်ဆိုတာကို ‌နင်အာ က မသိလိုက်ပေ။ ငါးမိနစ်လောက်ကြာတော့ သူ့လက်ထဲမှာ တစ်ခုခုနဲ့ ပြန်လာခဲ့ကာ ‌နင်အာ ရဲ့လက်ကို ပြန်ကိုင်လိုက်ပြန်၏။

ရှောင်ပေါ်ဟန် သူ၏ညာလက်ဖဝါးကိုဖွင့်လိုက်ရာ ‌နင်အာ အံ့သြသွားခဲ့သည်- "ဂျင်းလား?"

ရှောင်ပေါ်ဟန် က ခေါင်းညိတ်လိုက်ပြီး ‌နင်အာ ၏လက်ချောင်းများပေါ်ရှိ နှင်းကိုက်နာ ဖြစ်ချင်နေသော နေရာအား ဂျင်းအတုံးတစ်တုံးကို ဖိကာ ညင်သာစွာ ပွတ်တိုက်လိုက်သည်။ "လွန်ခဲ့တဲ့ ရက်က လိုင်းပေါ်မှာ ရှာကြည့်တော့ နှင်းကိုက်တာ လုံးဝဖြစ်မလာသေးဘူးဆို လက်ချောင်းတွေကို ဂျင်းအတုံးတွေနဲ့ ပွတ်သပ်တာက အသုံးဝင်တယ်တဲ့"

ဂျင်းကို ပြင်းပြင်းထန်ထန် ပွတ်တိုက်တာက အနည်းငယ် စပ်ပြီး တောင့်တင်းတဲ့ ခံစားချက်ကို ရရှိစေနိုင်သည်။ ‌နင်အာ သူ၏လက်ချောင်းများ ယားယံလာသည်ကို ခံစားလိုက်ရပြီး နှင်းကိုက်ခြင်း၏ လက္ခဏာတစ်ခုပုံဖြစ်ဂသည်။ သူခေါင်းကိုပြန်မော့လိုက်ရာ ရှောင်ပေါ်ဟန်က သူ့လက်ချောင်းများကို စေ့စေ့ကြည့်ပြီး သူ့လက်တစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ဂျင်းအချပ်များကို အခြားလက်တစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ပွတ်တိုက် ပေးနေသည်ကို တွေ့လိုက်ရသည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now