အခန်း 29

196 25 0
                                    

အခန်း 29

အန်တီဝမ်က ရှုပ်ထွေးသောအမူအရာဖြင့် ရပ်နေကာ ရှောင်ပေါ်ဟန် ကို ဘာမှပြန်မပြောဘဲ ကြည့်နေလေသည်။

ရှောင်ပေါ်ဟန် က "နေ့လယ်စာစားဖို့ ထုတ်သွားလိုက်မယ်" လို့

အန်တီဝမ်က "နားလည်ပြီ" လို့ ပြောပြီး နေ့လည်စာ ထမင်းဘူးကို ထုပ်ပိုးဖို့ မီးဖိုချောင်ထဲကို ဝင်သွား၏။

‌နင်အာ ခေါင်းငုံ့ကာစား နေပြီး ရှောင်ပေါ်ဟန် ကို ကြည့်လိုက်သည်။

ရှောင်ပေါ်ဟန်က ပန်းကန်လုံးထဲသို့ အသီးအရွက်အချို့ထည့်ပြီး သူ့အား တည်တည်ငြိမ်ငြိမ်ကြည့်ကာ အေးအေးဆေးဆေးစား နေသည်။

အရာအားလုံး အဆင်ပြေနေပုံရသော်လည်း  တစ်ခုခုထူးဆန်းသည်ဟု ‌နင်အာခံစားမိသည်။ သေသေချာချာ တွေးကြည့်နေရင်း သူ့စိတ်တွေ  လွင့်မျောသွားကာ ရှောင်ပေါ်ဟန် ကို မျက်တောင်တောင် မခတ်ဘဲ စိုက်ကြည့်နေမိသည်။

"ရှောင်အာ့၊ မင်းငါ့ကိုဒီလိုထပ် စိုက်ကြည့် နေရင် မင်း ငါနဲ့ တစ်ခုခုလုပ်ချင်နေပြီလို့ ငါထင်မိသွားလိမ့်မယ်။"

  ရယ်မောသံ ခပ်နှိမ့်နှိမ့်က နင်အာကို ရုတ်တရက်လန့်သွားစေပြီး သူ့နားတွေနီရဲလာစေ၏ - "ဘာတွေ လျှောက်ပြောနေတာလဲ? "

  ရှောင်ပေါ်ဟန်က ပိုလို့တောင် ပြုံးလာ၏။

   ‌နင်အာ ခေါင်းငုံ့လိုက်ရာ အမွေးထူကဏန်းက သေးငယ်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည့် ကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးများ ပြူးကျယ်လာသည်နှင့်အမျှ ‌နင်အာ ယခုအချိန်တွင် သူကိုယ်တိုင်လည်း ဤကဏန်းနီကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ သူ၏ နားရွက်များက နီရဲနေကာ သူ့မျက်နှာမှာလည်း နီရဲနေပေလိမ့်မည်။ စားသောက်ပြီးသည်နှင့် နောက်တစ်နေ့တွင် ယန်ချိန် သို့ ပြန်ရန် စောစောထရမည် ဖြစ်သောကြောင့် ‌နင်အာ စောစောအိပ်လေ၏။ ဒီအခန်းကတော့ ရှောင်ပေါ်ဟန် ရဲ့ အိပ်ခန်းပင်။ ‌နင်အာ က ဧည့်ခန်းမှာ အိပ်ချင်နေပေမယ့် ရှောင်ပေါ်ဟန်က "အခန်းကို ရှင်းဖို့ အန်တီဝမ်ကို ဒုက္ခ သွားမပေးတော့နဲ့၊ ငါနဲ့ အတူတူပဲ ဆက်အိပ်လိုက်တော့"

A LITTLE LOVE SONG {Complete} Where stories live. Discover now