အခန်း 48 (extra မင်းရဲ့ရည်းစားက မင်းကိုထောက်ပံ့ဖို့ ပိုက်ဆံရှာတော့မယ်။)

244 27 2
                                    

       
အခန်း ၄၈-ဗီရိုထဲမှ ထွက်လာခြင်း (အပို ၁)

‌နင်အာ တက္ကသိုလ် တွင်ရှိစဉ် ကျောင်းသားသမဂ္ဂ၌ပါဝင်ခဲ့သည်။

ပြည်တွင်းတက္ကသိုလ်များသည် အခြေခံအားဖြင့် စက်တင်ဘာလတွင် စတင်ကြပြီး ကျောင်းသား/သူ တိုင်း ကျောင်းစတက်သောအခါတွင် စစ်ရေးလေ့ကျင့်မှုကို ကြုံတွေ့ရတတ်သည်။ စစ်ရေးလေ့ကျင့်မှုမှာ အနည်းဆုံး နှစ်ပတ်ကြာပြီး အချို့ကျောင်းများက ကျောင်းသားများအတွက် စစ်ရေးလေ့ကျင့်ရန် အထူးစခန်းတစ်ခုကို ရှာဖွေကြသည်။ စစ်ရေးလေ့ကျင့်မှုအပြီးတွင် အများအားဖြင့် အမျိုးသားနေ့အားလပ်ရက်ဖြစ်ပြီး ပြန်လာပြီးနောက် တက္ကသိုလ်အဖွဲ့အစည်းများအတွက် လူသစ်စုဆောင်းခြင်းဖြစ်ပါသည်။

‌နင်အာ ရဲ့ အခန်းဖော်နှစ်ယောက်  နှစ်ယောက်စလုံး ဘတ်စကတ်ဘောကလပ်ကို သွားကြ၏။ ကာတွန်းကိုကြိုက်ပြီး အန်နီမေးရှင်းကလပ်ကိုသွားခဲ့တဲ့ အခန်းဖော်တစ်ယောက်ရှိသည်ပင်။ ဒီ
အဖွဲ့အစည်းတွေကို သူစိတ်မဝင်စားပေ။ ကောလိပ်မတက်ခင်က ခက်ခက်ခဲခဲ သင်ယူတတ်မြောက်ပြီး အထူးစိတ်ဝင်စားမှု သို့မဟုတ် ဝါသနာပါရာကို ပြောရမည်ဆိုလျှင် ‌နင်အာ သည် စာပေအသင်းသို့ ၀င်ချင်သည်ပင်။

အမျိုးသားနေ့ အားလပ်ရက်မှာ နင်မားမား ဒီအကြောင်းကို သိသွားပြီး

"ကျောင်းသားသမဂ္ဂကို သွားပါ။ မင်းအဒေါ်က  ပြောတယ် တက္ကသိုလ်မှာ စာအရမ်းသင်လို့မရဘူး၊ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးကိုလည်း ပြုစုပျိုးထောင်ရမယ်တဲ့။
ရှောင်အာ့ ၊ မင့်အစ်ကို ဝမ်းကွဲ ဆိုကျောင်းသား သမဂ္ဂကို သွားခဲ့တာ၊ ဘွဲ့လွန်သင်တန်းတက်ဖို့ နေရာ တစ်ခုတောင်ရခဲ့ သေးတယ်”

       
ဆရာနှင့်ဆက်ဆံရေးကောင်းမွန်သော်လည်း ပို၍အရေးကြီးသည်မှာ အဆင့်ကောင်းများဖြစ်သည်။ ထိုအချိန်တွင် နင်အာသည် ဤအရာများကို နားမလည်ခဲ့ပေ။ သူ့မှာ လုံးဝမသိခဲ့တာမို့ သဘောတူလိုက်ရုံပါပဲ။

နင်မားမား "ဒါပေမယ့် မင်း ရရရမှာပဲ" လို့

ဒီလိုနည်းနဲ့ ‌နင်အာ က ကျောင်းသားသမဂ္ဂမှာ စာရေးစာမေးပွဲ နှစ်ကြိမ်ဖြေပြီးတဲ့ နောက်မှာတော့ ကျောင်းသားသမဂ္ဂကိုသူအောင်မြင်စွာ ဝင်ရောက်ခဲ့လေသည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now