အခန်း 24

250 35 1
                                    

   
အခန်း 24

နင်ပါးပါးနှင့် နင်မားမားတို့သည် ယနေ့ညတွင် ညစာအတူ သွားစားသဖြင့် ပြန်မလာသေးသောကြောင့် ‌နင်အာ အိမ်ပြန်ရောက်ပြီလား မရောက်သေးဘူးလားဆိုတာကို ဂရုစိုက်မယ့် လူမရှိပေ။

‌နင်အာ တံခါးကိုဖွင့်လိုက်သောအခါ သူ ရှောင်ပေါ်ဟန်၏နောက်ကျောနှင့် အနည်း ငယ် နီးကပ်လာခဲ့သည်။ ရှောင်ပေါ်ဟန် သည် သူ့စိတ်ထဲတွင် အမှောင်များအား တွေးမိ နေတာကို မတတ်နိုင်ဘဲ သူ့ခန္ဓာကိုယ်က တုံ့ပြန်မှုအချို့ရှိနေကာ

   "မင်းက ငါ့အဖေလိုပဲ" ဟူသော စကားကို တွေးလိုက်သောအခါတွင် သူ၏ လှပသော အတွေးများအားလုံး ပျောက်ကွယ်သွားကာ ချက်ချင်းပင် ညှိုးနွမ်းသွားသည်။

တံခါးဖွင့်ပြီးနောက် ရှောင်ပေါ်ဟန် သည် ‌နင်အာ ကို ဆိုဖာပေါ် ညင်သာစွာတင်ကာ  ရှောင်ဖွားဖွားအိမ်သို့ မုန့်ညင်းဆီတစ်ပုလင်း ပြန်သွားယူခဲ့သည်။

နင်အိမ်သို့ ပြန်ရောက်သောအခါ နင်အာသည်  ခြေတစ်ဖောင် ကျိုးနှင့် ခုန်ဆွခုန်ဆွလုပ်ကာ မီးဖိုချောင်မှ ရေနှစ်ပုလင်း ယူလာသည်ကို တွေ့လိုက်ရသည်။

ရှောင်ပေါ်ဟန် ပြန်လာတာကိုမြင်တော့ ‌နင်အာက ထိတ်လန့်ပြီး ထိတ်လန့်နေတဲ့ ယုန်ငယ်လေးလို အနည်းငယ် တုန်လှုပ်သွား၏။ သူက ကော်ဖီစားပွဲပေါ်သို့ ရေနှစ်ပုလင်းကို နာခံစွာတင်လိုက်ပြီး "ရေသောက်ချင်လား"

ရှောင်ပေါ်ဟန် က အလွန်ပျော့ပျောင်းသွားကာ ရှေ့သို့လှမ်းလိုက်ပြီး မုန့်ညင်းဆီပုလင်းကိုကော်ဖီစားပွဲပေါ်တင်လိုက်ကာ နင်အာ၏ညာဘက် ခြေဖဝါးကို ကိုင်လိုက်သည်။

: "မလှုပ်နဲ့။ မင်းဒဏ်ရာက မပြင်းထန်ပေမယ့် သေသေချာချာ ဂရုစိုက်ရင် မနက်ဖြန်ဆို ပြန် ကောင်းသွားလိမ့်မယ်။ ဒါပေမယ့် မလှုပ်နဲ့။ မင်းမလိမ္မာရင် မင်းဒုက္ခရောက်လိမ့်မယ် နော်။"

‌နင်အာ က "အမ်း" ဟုတိုးတိုးလေးပြောလိုက်သည်။

ရှောင်ပေါ်ဟန် ၏ ပူပြင်းသော လက်ဖဝါးများက နင်အာ၏ ခြေဖဝါးများကို ဆုပ်ကိုင်ထားသည်။ သူသည် သူ့လက်ဖဝါးထဲသို့ မုန့်ညင်းဆီအနည်းငယ်လောင်းလိုက်ပြီး နင်အာ၏ နီရဲနေသော အစိတ်အပိုင်းများပေါ်တွင် လက်ဖဝါးတင်ကာ ညင်သာစွာ ဖိလိုက်သည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now