အခန်း 35

290 32 3
                                    

အခန်း 35

‌နင်အာ သူ့ဘ၀တွင် ထိုကဲ့သို့သော ချိုအီနေတဲ့ အချစ်စကားတွေကို တစ်ခါမျှ မကြားဖူး။

သူ့မျက်နှာက နီရဲလာပြီး ရှောင်ပေါ်ဟန်ကိုတွန်းထုတ်ကာ "ငါ...ရေထည့်လာပြီးပြီ" လို့ပြောပြီး မီးဖိုခန်းထဲက အမြန်ထွက်လာကာ ဧည့်ခန်းထဲကို ရေနှစ်ခွက်ယူလာပြီး ထိုင်လိုက်၏။ တုပ်တုပ်မှ မလှုပ်ပဲ ဆိုဖာပေါ်မှာ ထိုင်ကာ ရေတစ်ငုံသောက်လိုက်သည်။

ရှောင်ပေါ်ဟန် သူ့လက်ကို ရေအေးဖြင့် ဆေးပြီးမှ မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ သူ့ရှောင်အာ့လေးက တည့်တည့်မတ်မတ်ထိုင်ထားပြီး သူ့နောက်ကို ကျောပေးထားကာ သူ့ပုခုံးတွေက အနည်းငယ် တုန်နေသလိုဖြစ်နေ၍၊ နည်းနည်းတော့ ကြောက်နေသလိုပဲ...။

‌နင်အာ ယနေ့ညတွင် အတက်အကျကို ဆက်တိုက်ကြုံတွေ့နေရသည်။

ရေသံ ပိတ်သွားသည်ကို သူကြားလိုက်၍- ရှောင်ပေါ်ဟန် မီးဖိုချောင်မှ ထွက်လာပုံရသည်။

ဖျတ်ခနဲ ခြေသံတွေ ကြားလိုက်ရာ- ရှောင်ပေါ်ဟန် လာနေပြီ...

ရှောင်... ရှောင်ပေါ်ဟန် လာ နေပြီ။


ဒီအတွေးက ‌နင်အာ စိတ်ထဲမှာ လျင်မြန်စွာ ပျံ့နှံ့သွားပေမယ့် သူ မတုံ့ပြန်ခင်မှာပဲ တစ်စုံတစ်ယောက်က သူ့ခါးကို ရုတ်တရက် ပွေ့ဖက်လိုက်သည်။ နင်အာ အနည်းငယ်တုန်ခါသွားကာ အခြားလူဘက်သို့ လှမ်းကြည့်လိုက်၏။ ရှောင်ပေါ်ဟန် က သူ့ဘေးတွင်ထိုင်ကာ သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လျက် နင်အာ၏ပခုံးပေါ် ခေါင်းကို မြှုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။

"ရှောင်အာ့..."

‌နင်အာ အေးခဲသွားပြီး သူတို့ခန္ဓာကိုယ်တွေ ထိတဲ့နေရာကနေ ပြင်းထန်တဲ့ အပူတွေထွက်လာပြီး သူ့တစ်ကိုယ်လုံးကို ပူလောင်စေလျက်။

ရှောင်ပေါ်ဟန် က သူ့ကို ထပ်ခါထပ်ခါ ခေါ်နေတာကို ကြားလိုက်သည်၊ သူ့ရဲ့ အဝတ်ဗလာ လည်ပင်းပေါ်သို့ မှုတ်ထုတ်လိုက်သော နွေးထွေးသော အသက်ရှုသံနှင် သူ့အသံမှာ ရှတနေပြီး

"ရှောင်အာ့..."

"ရှောင်အာ့..."

‌နင်အာ ကြောင်သွားကာ အနီးသို့ကပ်လိုက်ရင်း ဒီလူကို ဖက်ဖို့ကြိုးစားလိုက်၏။ သူ့လက်က ဒီလူကို ထိလိုက်တာနဲ့ ဓာတ်လိုက်သလိုမျိုးထုံတက်သွားကာ မြန်မြန်ဆန်ဆန် ပြန်ဖယ်လိုက်သည်။ ခဏအကြာတွင် သူ့လက်ကို ဖြည်းညှင်းစွာ ထုတ်ကာ ထိုလူကို ပွေ့ဖက်လိုက်သည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now