အခန်း 42

194 25 2
                                    


အခန်း 42-

ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ နံနက်ခင်းတွင် နင်အာသည် တံခါးကိုဖွင့်ကြည့်ရာ ရှောင်ပေါ်ဟန်က သူ့အိမ်ရှေ့တွင်  စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

‌နင်အာ ကိုမြင်တော့  ရှောင်ပေါ်ဟန် က လက်ကိုမြှောက်ပြီး နင်မားမားကို ပြုံးပြလိုက်သည်။ ‌နင်အာ တံခါးကိုပိတ်ပြီးနောက်၊ ရှောင်ပေါ်ဟန်က သူ့ကို မျက်လုံး တစ်ဖက်မှိတ်ပြလိုက်ပြီး ‌နင်အာ ၏ လက်ကောက်ဝတ်ကို ကိုင်ကာ အောက်ထပ်သို့ အတူတူဆင်းလာခဲ့သည်။

"မင်းအားလုံး ယူလာပြီပြီးလား"

‌နင်အာ က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး "မင်းရော ယူလာပြီလား? 2B ခဲတံ ယူလာဖို့ မမေ့နဲ့အုံး။ ဘောလ်ပင် အနက်ရောင်ပဲ သုံး ရမှာ။ ကတ်တွေ လျှောက်တဲ့အခါ ကတ်ပြားကို သုံးဖို့ လိုသေးတယ်မလား။ calipers တွေဝတ်ပြီးပြီလား ဝင်ခွင့်လက်မှတ်တွေနဲ့ ID ကတ်တွေပါတယ်မလား၊ငါ့မှာ ခဲဖျက်အပိုတွေရှိတယ်..."

စကားတွေ အများကြီးပြောပြီးနောက် ရှောင်ပေါ်ဟန်က ငြိမ်နေတာကို တွေ့လိုက်ရသဖြင့် သူ့မျက်နှာ နီရဲသွားလေသည်။

ထိုလူက ရပ်လိုက်ပြီး သူ့ကို ပြုံးပြလာသည်။ ဒါပေမယ့် ရှောင်ပေါ်ဟန်က သူ့ကို ငေးကြည့်နေရုံသာ ငေးကြည့်ကာနဲ့ ရယ်နေသဖြင့် နင်အာက ရှက်သွားသလိုခံစားလိုက်ရသည်။

   “မင်းဘာလို့ ရယ်နေတာလဲ…”

သူတို့နှစ်ယောက် ဆောင်းရာသီဖြစ်၍ အဝတ်အစားတွေ အများကြီးဝတ်ထားကြတယ်။ ရှောင်ပေါ်ဟန်ရဲ့ အင်္ကျီလက်တွေက ကျယ်‌ပြီးရှည်နေသဖြင့် သူနင်အာရဲ့လက်ကို လျှို့ဝှက်စွာ ဆုပ်ကိုင်ထားသည်။

" ရှောင်အာ့ ကကိုယ့်ကို ဂရုစိုက် ပေးနေတာကို ကိုယ် ပျော်လို့မရဘူးလား "

နင်အာရဲ့နှုတ်ခမ်းတွေလှုပ်ပေမယ့် သူမငြင်းလို့မရတော့ဘဲ မျက်နှာနီရဲသွားသည် ။

သူက အကြောင်းပြချက်တစ်ခုကို ရှာတွေ့ခဲ့၏- "မင်းက အရမ်းသတိမရှိလို့ပဲ လေ။ နောက်ဆုံး လစဉ် စာမေးပွဲတုန်းက 2B ခဲတံခဲကို ယူလာဖို့ မေ့ခဲ့တာ မဟုတ်ဘူးလား... အိုး၊ ဒီတစ်ခါတော့ ယူလာတယ်မလားလား၊ အဲဒါကို ထပ်မမေ့နဲ့အုံး။ "

A LITTLE LOVE SONG {Complete} Where stories live. Discover now