☆
အခန်း ၃၄-
ပြင်းထန်သောအနမ်းမှာ စတင်တည်းက ရှောင်ပေါ်ဟန်က နင်အာ အား နောက်ဆုတ်ရန် အခွင့်အရေးမပေးခဲ့။
ရှောင်ပေါ်ဟန် ၏လက်များသည် နင်အာ ကို သူ့ရင်ခွင်ထဲသို့ တွန်းပို့ထားကာ ခိုင်ခံ့သောဆံတိုင်းများကဲ့သို့ပင်။ သူက နံရံပေါ်တွင် လက်တစ်ဖက်ကို တင်ထားကာ နင်အာကို နမ်းလိုက်ပြီး သူ၏ နူးညံ့သော နှုတ်ခမ်းများကို ပြင်းပြင်း ထန်ထန် ကိုက်လိုက်သည်။
ဧည့်ခန်းရှိ အပူချိန်သည် တဖြည်းဖြည်း တိုးလာပြီး ရှုပ်ထွေးလှသော လေထုသည် တဖြည်းဖြည်း ပျံ့နှံ့လာသည်။
အနမ်းကိုအဆုံးသတ်လိုက်သောအခါ နင်အာသေလုနီးပါးခံစားလိုက်ရပြီး ရေနစ်နေသူကဲ့သို့ လေကို မနည်းရှူရှိုက်မိ၏။
ရှောင်ပေါ်ဟန် သူ့ရှေ့မှ လူငယ်ကို စိုက်ကြည့်ရင်း မောဟိုက်လာသည်။
ရှည်လျားသော အနမ်းကြောင့် နင်အာ ၏ မျက်လုံးထောင့်များမှ ဇီဝကမ္မဆိုင်ရာ မျက်ရည်အချို့ စီးကျလာသည်။ သူအနိုင်ကျင့်ခံခဲ့ရ၍ သနားစရာကောင်းပြီး ချစ်စရာလည်းကောင်းတဲ့အပြင် သူ့ပါးပြင်တွေက ကြက်သွေးရောင်သန်းနေ၏။ ဒါပေမယ့် ဒီလိုချစ်စရာကောင်းတဲ့ကောင်လေးကပဲ သူ့ကို ဟာသ လုပ်သွားပြီး မသင့်လျော်ဆုံးဟာသကို ပါပြောသွားလေသည်။
ရှောင်ပေါ်ဟန် နင်အာကို တိတ်တဆိတ် စိုက်ကြည့်ကာ သူ့လက်ချောင်းများကို ဆုပ်ထားသည်။
နင်အာ ဘာမှမသိဘဲ ပြင်းပြင်းထန်ထန် အသက်ရှုရင်း လေကောင်းလေသန့်ရရန်သာ မျှော်လင့်နေ၏။ လှပတဲ့ ကောင်လေးရဲ့ မျက်လုံးတွေက အနိုင်ကျင့်ခံရခြင်းကြောင့် နီရဲနေကာ နှုတ်ခမ်းများပွင့်တဖန် ပိတ်တဖန် ဖြစ်နေကာ ဘာမှ မသိနားမလည်တော့ဘဲ ကြောင်အနေခဲ့သည်။
ရှောင်ပေါ်ဟန် မှာ ဤကဲ့သို့ ကစားရခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်း၏ အကြီးမားဆုံး အားနည်းချက်ကို လက်တို့ လိုက်ခြင်းကြောင့် သူအထိန်းအချုပ်မဲ့သွားရခြင်းသာ။ သို့သော် နင်အာ ဤကဲ့သို့ကြည့်နေသဖြင့် ရှောင်ပေါ်ဟန် ဂွမ်းကို လက်သီးဖြင့်ထိုးလိုက်သကဲ့သို့ ခံစားရသည်။ သူ့ထွက်နေတဲ့ ဒေါသတွေ အားလုံးဟာ ဒီလူငယ်လေးကို မျက်နှာချင်းဆိုင်ပြီးတာနဲ့ ပျောက်ကွယ်သွား၏။
YOU ARE READING
A LITTLE LOVE SONG {Complete}
RomanceAuthor(s) Mo Chen Huan 莫晨欢 Year 2017 Status in COO 47 Chapters + 2 Extras (Completed) Genre Comedy Romance School Life Slice of Life Yaoi