အခန်း 21

272 35 0
                                    


အခန်း 21

နံနက်စာဖတ်ခြင်းအတန်းပြီးနောက် နင်အာသည် သူ၏ပစ္စည်းများကိုထုပ်ပိုးကာ ဝမ်ဖင်း နှင့် ထိုင်ခုံပြောင်းလိုက်သည်။

ဝမ်ဖင်း သည် ရှောင်ပေါ်ဟန် ၏ အတန်းဖော်ဟောင်းဖြစ်သည်။သူသည် လူကောင်ကြီးကြီးနှင့် ဖြစ်သော်လည်း ကြင်နာတတ်ပြီး ‌နင်အာ စာအုပ်များကိုပင် ကူသယ်ပေးခဲ့သည်။

စာအုပ်တွေကို ရွှေ့ရင်းနဲ့ ဝမ်ဖင်း က "မင်းနဲ့ ရှောင်ကော က အရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိတယ်လို့ ကြားတယ်၊ မင်းနဲ့ ငါ ထိုင်ခုံပြောင်းပြီး မင်း သူ့ဘေးမှာ ထိုင်ရတာက ပိုလွယ်လိမ့်မယ်။ ငါတို့ ဘတ်စကက်ဘောဂိမ်း ပြီးခဲ့တဲ့ စာသင်နှစ်ကုန်က ငါ နောက်ခံကစားသမားတစ်ယောက်လေ အခန်း 6 နဲ့ ကစားတုန်းက ရှောင်ကော ရှယ် ရိုက်တာကို ခံခဲ့ရလို့ ထရော်မာ ရသွားတာ  "

အခန်း 6 နဲ့ အခန်း 13 ပြိုင်တုန်းက ‌နင်အာ လည်းကစားနေခဲ့သည်ပသ်။ မြင်ကွင်းကို မမြင်လိုက်ပေမယ့် ဝမ်ဖင်း ရဲ့ ထိတ်လန့်နေဆဲ အမူအရာတွေကို ကြည့်လိုက်တော့ ရှောင်ပေါ်ဟန်ကြောင့် စိတ်ပိုင်းဆိုင်ရာ အရိပ် အမည်းကြီး ရှိနေသည်ကိုမြင်လိုက်ရ၏။

ဝမ်ဖင်း က စိတ်ဝင်တစား မေးလာသည် ၊ "ငါတို့ အထက်တန်း ပထမနှစ်တုန်းက အာ့ဖန် က အမြဲဘူးဆို ဖရုံမသီးဘူးပဲ။ မင်းနဲ့ ရှောင်‌ ကောကိုကျ ဘာလို့ ဒီအချိန် အတူတူ ထိုင်ခိုင်းခဲ့တာပါလိမ့်"

အာ့ဖန် သည် အတန်းပိုင်၏ နာမည်ပြောင်ဖြစ်သည် ။  ဝမ်ဖင်း၏  အထက်တန်းပထမနှစ် ဆယ့်သုံးနှစ်ကတည်း သူ၏ အတန်းပိုင်ဖြစ်ခဲ့သည်။

‌နင်အာ က အဖြေကို မသိလိုက်ချေ။ သူက ခေါင်းခါပြီး "မသိဘူး၊ ရှောင်ပေါ်ဟန် ကို အတန်းသစ်မှာ အံဝင်ဂွင်ကျဖြစ်ဖို့ ကူညီပေးစေချင်တာ ဖြစ်နိုင်တယ်"

ဝမ်ဖင်း က ရယ်ပြီး "မင်းက အတန်းသားအသစ် မလား ငါတို့အတန်း 13ကလူများတယ်"

‌နင်အာ ရယ်လိုက်၏။

‌နင်အာ သည် ပစ္စည်းပစ္စယအားလုံးကို သူ၏ထိုင်ခုံသို့ရွှေ့ပြီးနောက်၊ ရှောင်ပေါ်ဟန် ရုံးခန်းမှပြန်လာသည်။ သူက ထိုင်ခုံမှာထိုင်ပြီးလက်တစ်ဖက်ဖြင့် မေးထောက်ကာ ဝမ်ဖင်း ကို အဝေးက အကြာကြီး စိုက်ကြည့်ပြီးနောက် သူ့ကို လှည့်ကြည့်လိုက်ကာ "‌ရှောင်အာ့  လောင်ဝမ်နဲ့ အခုနက ဘာပြောနေတာလဲ။ "

A LITTLE LOVE SONG {Complete} Where stories live. Discover now