အခန်း5

463 73 2
                                    


အခန်းငါး

ရှောင်ပေါ်ဟန် အား ဖယ်ရှားရန်အတွက် နင်အာ လှုပ်ရှားမှုသည် အနည်းငယ်ရုတ်တရက်ဖြစ်သွားကာပြီး အားလည်းပြင်းသွား၏


သူ၏ရုတ်တရက်လှုပ်ရှားမှုသည် ရှောင်ပေါ်ဟန် သာမက သူ့ပတ်ဝန်းကျင်ရှိ ကျောင်းသားများပါ အော်ဟစ် အံ့အားသင့်သွားစေသည်။

ခဏအကြာတွင် ရှောင်ပေါ်ဟန် ၏မျက်နှာပေါ်ရှိ အပြုံးသည် လုံးဝပျောက်ကွယ်သွားကာ- "ငါ မင်းကို ဘတ်စကတ်ဘော လေ့ကျင့်ပေးမယ်လို့ ငါပြောပြီးသားဖြစ်သွားပြီ"

‌နင်အာက နှုတ်ခမ်းကို ဖွဖွလေးဖိ ဘာမှ မပြန်ပြောခဲ့။

ရှောင်ပေါ်ဟန် က ပြတင်းပေါက်အပြင်ဘက်တွင်  သူ့ခန္ဓာကိုယ်အား ဖြောင့်တန်းစွာဖြင့် ရပ်နေခဲ့သည်။

သူသည် ‌နင်အာ ထက် ဦးခေါင်းထက်ဝက်ခန့် အရပ်မြင့်ပြီး သူပြုံးမပြလာသောအခါ အနည်းငယ်အေးစက်နေပုံရသည်။
သူသည် နင်းအာကို အချိန်အတော်အကြာ ငြိမ်သက်စွာ ကြည့်နေသည်။
သူ့ပါးစပ်ထောင့် နှစ်ကြိမ်ခန့် လှုပ်သွားပြီးနောက် သူ့မျက်နှာပေါ်ရှိ အမူအရာက အနည်းငယ် နူးညံ့သွား‌ လေသည်။

သူက အသံကို ပို၍နူးညံ့စေပြီး နင်းအာ၏ လက်ကို ဆွဲထုတ်ကာ
"ကောင်းပြီ ညနေ ကျောင်းဆင်းပြီးရင် ငါမင်းကိုဘောလုံးကစားနည်းသင်ပေးမယ်"

"ငါမသင်ချင်ဘူး!"

ရှောင်ပေါ်ဟန် ၏ အမူအရာ ချက်ခြင်း အေးခဲသွားသည်။

"Jingle Bell"

အတန်းခေါင်းလောင်းသံ ရုတ်တရက်မြည်လာသော်လည်း ရှောင်ပေါ်ဟန် နင်းအာကို လှမ်းကြည့်နေဆဲဖြစ်၏။
သူ့ဘေးက အခန်း 6 မှ အတန်းဖော်များက သူ့ကို ဆွဲထုတ်သွားသည်အထိစိုက်ကြည့်နေဆဲပင်။

အခန်း(4)အတွက် ဆရာမ မရောက်သေးသလို အားကစား ကော်မတီဝင်ကလည်း ထွက်မသွားသေးချေ။
‌နင်အာ နှင့် ရှောင်ပေါ်ဟန်တို့ အကြား ထိပ်တိုက်ရင်ဆိုင်မှုကို မြင်လိုက်ရသောအခါတွင် သူ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။
ဆရာမလာခင်မှာ
"နင်အာ၊ မင်းပါဝင်ချင်လား?
မဟုတ်ဘူးဆိုလည်း မင်းနာမည်ကို ငါဖြတ်ပေးလို့ရတယ်"

A LITTLE LOVE SONG {Complete} Where stories live. Discover now