အခန်း 15

301 49 0
                                    

   

    ☆
    အခန်း 15

    အနောက်စားသောက်ဆိုင်တွင် ငြိမ့်ညောင်းသောတေးဂီတသည် ဖြည်းညှင်းစွာ စီးဆင်းနေပြီး ပြတင်းပေါက်မှနေရောင်ခြည်သည် ရှောင်ပေါ်ဟန် ၏ချောမောသောမျက်နှာပေါ်တွင် ထွန်းလင်းတောက်ပနေကာ သူ့ကို ပို၍ပင် ငယ်ရွယ်ပြီး ချောမောစေသည်။

    ရုပ်ရည်ချောမောသူများအား လူတို့သည် ဒေါသမထွက်နိုင်သလို သူတို့၏ တောင်းဆိုချက်များကို လူများကို အလိုလို မလိုက်ရောဘဲ မနေနိုင်ချေ။

    ထို့ကြောင့် နင်အာ ထိုမျက်နှာကို ကြည့်လိုက်သောအခါ သူ လုံးဝ ဒေါသမထွက်နိုင်ပေ။

    ရှောင်ပေါ်ဟန် က ပြုံးပြီး သူ့မျက်လုံးကနက်နက်နဲနဲ ဖြင့်စိုက်ကြည့်နေ၏။

    လျိုရှောင်မိန် သည်  ဆေးထိုးအပ်များနှင့် ပင်အပ်များပေါ်တွင်တက်နင်းထားသလို ရှိနေသည့် ရှောင်ပေါ်ဟန်ဖြစ်ပြက်နေသောအသွင် အပြင် ကိုကြည့်ကာ အရှက်တပြေ ခြောက်သွေ့စွာရယ်မောလိုက်ပြီး "မတွေ့တာကြာပြီနော် ရှောင်ပေါ်ဟန် ၊ နင်ရော... ဒီဆိုင်မှာ စားနေတာလား။"

   
ရှောင်ပေါ်ဟန်:"ငါကဒီတိုင်း ဖြတ်သွားတာ မင်းတို့ ပါရှိနေတော့ ဘာလို့အတူတူမစားကြမှာလဲ?""

    လျိုရှောင်မိန် က အံသြသွားပြီး ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့၏။ ‌နင်အာ က အံကြိတ်ပြီး ရှောင်ပေါ်ဟန် ကို တိုက်ရိုက်ဆွဲလိုက်ပြီး အခြားနေရာ သို့ ဝေးဝေး ခေါ်သွားလိုက်သည်။

    "ဘာလို့ ငါတို့နဲ့ အတူစားချင်တာလဲ၊ ငါတို့ကနေ့လည်ခင်းဆို  ပန်းချီပြပွဲကို သွားရအုံးမှာ။ ငါလုပ်စရာရှိလို့ မင်းနဲ့ ကစားဖို့ အချိန်မရှိဘူး"

    ရှောင်ပေါ်ဟန် နင်အာ ကို ကြည့်လိုက်၏ ။ ‌နင်အာ ၏ လေးနက်သောအကြည့်၊ကြောင့် သူ့မျက်လုံးများ စူးရှလာသည်။

    ဒီကောင်မလေးနဲ့ နှစ်ယောက်တည်းပဲ ညစာစားချင်တာပေါ့။!

    မင်းတို့က ဒီနေ့လည်ခင်းမှာ ပန်းချီပြပွဲကို ကြည့်ချင်ကြ သေးတာလား။

A LITTLE LOVE SONG {Complete} Wo Geschichten leben. Entdecke jetzt