အခန်း 20

251 39 0
                                    

အခန်း ၂၀

ရှောင်ပေါ်ဟန်ရဲ့ မျက်နှာက သူ့နားသို့ကပ်လာကာ ပါးစပ်ထောင့်ကို ဆိုးဆိုးရွားရွား မြှောက်နေလျက် အလွန်ဂရုမစိုက်ဘဲ ဆိုးသွမ်းသောလေသံဖြင့် "ဒါဆို ရှောင်အာ့က ငါနဲ့ အတူထိုင်ချင်တာလား..."

   
‌နင်အာ ရုတ်တရက် ရှက်ကိုးရှက်ကန်းနဲ့ နီရဲသွား၏။

  သူက ရှောင်ပေါ်ဟန် နဲ့ တိတ်တိတ်လေး ထိုင်ချင်ပေမယ့် ပထမတစ်ချက်က ဒီလူက စာကျက်‌‌ တော့မည် မဟုတ်။ အတူတူထိုင်တဲ့အခါ သူက နေ့တိုင်း သူ့အိမ်စာတွေကို ကူးပြီး အနိုင်ကျင့်လိမ့်မယ်။
အခုဘဲ  အနိုင်ကျင့်ပြန်ပြီ။

 နင်အာ - "ငါ မင်းနဲ့ မထိုင်ချင်ဘူး။ မင်းနဲ့ အတူထိုင်ရင် မင်း ငါ့အိမ်စာတွေကို နောက်တစ်ကြိမ် ထပ်ကူးလိမ့်မယ်"

   
  ရှောင်ပေါ်ဟန် က အဓိပ္ပါယ်ရှိစွာ ပြောလာ၏ " အိုး ဒါဆို။ ဒါဆို ငါတို့ ဘာလို့ ထပ်လောင်းကြေးထပ်ရင်ကော။ ငါဒီနေ့အပြင်ထွက်ပြီးထိုင်ခုံနေရာ တွေကို  စုံစမ်းကြည့်ပြီးတော့ ...တကယ်လို့များငါတို့အတူတူထိုင်ရရင်... ရှောင်အာ့ မင့်အိမ်စာတွေကိုနေ့တိုင်းကူးရလို့ရမလား ?"

   
   ‌နင်အာ သည် ရှောင်ပေါ်ဟန် ကသူ့ကို အရူးလုပ်တော့မယ်လို့ ခံစားခဲ့ရပြီး
"ငါ  မလုပ်ဘူး"

   
   ရှောင်ပေါ်ဟန် က ရည်ရွယ်ချက်ရှိရှိ ဖိအား‌ ပေးလာပြီး "မင်းငါ့ကို လောင်းမဝံ့ဘူးလား"
  နင်အာက ပြောလိုက်သည် ။ "လောင်းကြေးမပေးရဘူး။"

ရှောင်ပေါ်ဟန် က "မင်းအနိုင်ရရင် ငါ မင်းကို မင်းလိုချင်တာတစ်ခု လုပ်၏ ပေးမယ်လို့ ကတိပေးတယ်။"
   ‌နင်အာ ခဏလောက်တောင်မစဉ်းစားပဲ မဆိုင်းမတွ လုပ်ပြီး ခေါင်းယမ်းလိုက်၏။
   ‌ရှောင်ပေါ်ဟန် က ပြုံးပြီး ပြောသည်
၊ " နှစ်မျိုးလုပ်ပေးမယ်"

   
   ‌နင်အာ : " မင်း ... "

   
   ‌ရှောင်ပေါ်ဟန် က တည်ငြိမ်စွာ လက်သုံးချောင်းကို ဆန့်ထုတ်ကာ ညင်သာစွာ ခါယမ်းလိုက်သည် " သုံးမျိုး။"
   ‌နင်အာ ၏ သွေးဆောင်မှုကို မခံနိုင်တော့ဘဲ "လုပ်မယ်" ”

A LITTLE LOVE SONG {Complete} Where stories live. Discover now