အခန်း4

531 71 3
                                    

Chapter 4:


ရပ်ကွက်မှ ကျောင်းသို့ နင်အာ တစ်နှစ်လောက် လမ်းလျှောက်သွားရသလို ခံစားလိုက်ရ၏။
မေလဖြစ်၍ လမ်း၏ နှစ်ဖက် ဘေးဘက်ရှိ သဖန်းပင်များက စိမ်းလန်းစိုပြေနေသည်။
နံနက်ခင်းနေအလင်းရောင်သည် ပြိုးပြိုးပြက်ပြက်ဖြစ်ပြီး ပူပြင်းလာကာ အရှေ့မှလေနုအေးသည် လျင်မြန်စွာ တိုက်ခတ်လာသဖြင့် သဖန်းရွက်များကို မြေသို့ ခစေသည်။
ဒီလမ်းအား သူရင်နှီးနေလျက်ရှိသည့်ပထမဆုံးလမ်းပင်။
ပန်ကိတ်ရောင်းနေတဲ့ ဦးလေးက ပြုံးလျက်မေးလာ၏။
"ရှောင်အာ့မင်းဒီနေ့ မုန့်မစားတော့ဘူးလား?"
နင်အာ ခေါင်းယမ်းပြလိုက်၏။
မနက်စာ ပေါက်ဆီရောင်းသည့်အန်တီကလည်း သူ့ကိုနှုတ်ဆက်လာ၏။
နင်အာ ယဉ်ကျေးစွာ ပြန်နှုတ်ဆက်လိုက်သည်"မဂ်လာနံနက်ခင်းပါ အားရီ"

"မင်းသူတို့နဲ့အရမ်းရင်းနှီးတာလား?"

နင်အာ ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ပေါ်ဟန်က စပ်စုစွာဖြင့် အန်တီကြီးအား ကြည့်နေခဲ့ပြီးနောက် သူ့အားပြန်ကြည့်လာခဲ့သည်။
ရှောင်ပေါ်ဟန်က အိပ်ကပ်ထဲသို့ လက်ထည့်ထားကာ သူ့အားအပြုံးရိပ်သန်းနေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
"ရှောင်အာ့ ကအရမ်းကို လူကြိုက်များတာပဲ,"

နင်အာခေါင်းညိတ်ပြလိုက်သည် : "... အမ်."

ရှောင်ပေါ်ဟန်က အဓိပ္ပာယ်ပါပါဖြင့်:
"အိုး."

‌နင်အာက ငယ်ငယ်လေးကတည်းက အထီကျန်စွာ နေလာခဲ့ရ၏။

သူကလေးတုန်းက ကျန်းမာရေးမကောင်း၍ မကြာခဏ နေမကောင်း ဖြစ်တတ်သည်။
အလယ်တန်းကျောင်းတက်သည့်အချိန်ထိ ထိုကဲ့သို့ပင် ဖြစ်ခဲ့သည်။
သူ့တွင် သူငယ်ချင်းဆို၍ ရှောင်ပေါ်ဟန်တစ်ယောက်သာရှိခဲ့၏။
သို့သော် ရှောင်ပေါ်ဟန်ကလည်း သူ့အားဂရုမစိုက်ပေ။
အကြိမ်တိုင်း သိသာစွာဖြင့် နင်အာနဲ့ ကစားလိုစိတ်မရှိသလို ‌နင်အာတစ်ယောင်တည်းသာ ကစားရလေ့ရှိသည်။
သို့သော် ဖွားဖွားရှောင်ကိုလည်း တိုင်တေယခွင့်မရှိပေ။
အမြဲတမ်း အပြင်မှအတူပြန်လာတိုင်း သူနဲ့နင်အာနှင့်အတူကစားခဲ့သည်ဟု ‌လိမ်ပြောရခြင်းသည် တကယ်တော့ အလွန်မကောင်းသည့်အရာပင်ဖြစ်သည်။

တခြားသူတွေနှင့် ဆက်ဆံရေးညံသည့် ကလေးတစ်ယောက် အနေနှင့် ‌နင်အာ အရာရာကြောက်တတ်ခဲ့သည်။
နင်ပါးပါးနှင့်နင်မားမား ကအပြင်သို့ခေါ်သွားသည့်အချိန်တိုင်း အော်ဟစ်ပြောဖို့နေသာ ကလေးမလေးတစ်ယောက်ထက် ပိုရှက်တတ်သည်ပင်။

A LITTLE LOVE SONG {Complete} Where stories live. Discover now