အခန်း 8

339 62 3
                                    

အခန်း ၈

ဘတ်စကက်ဘောပြိုင်ပွဲများ ပြီးဆုံးသွားပါပြီ ဖြစ်သည်။
    ပထမနှစ် အထက်တန်းကျောင်းသူကျောင်းသားများ အချင်းချင်း အောင်ပွဲဆင်နွှဲကြပြီး ဘတ်စကတ်ဘောကွင်း လှုပ်ရှားမှုများဖြင့် စည်ကားနေပါသည်။

‌နင်အာ သည် အတန်း 4 ရှိ ပြိုင်ကွင်းအစွန်းတွင် ရပ်နေသည်။ ရှောင်ပေါ်ဟန် ရောက်ရှိလာသောအခါ ကျောင်းသားအများအပြားသည် သူတို့အား တိတ်တဆိတ် ကြည့်နေကြသည်။

ရှောင်ပေါ်ဟန် သည် ထိုထူးဆန်းသောအကြည့်များကို သတိမထားမိပုံရသည်။သူသည် နင်အာ၏လက်ကို အေးဆေးတည်ငြိမ်သူ့ဘေးသို့ စွာဆွဲယူကာ  သူ့ကိုစေ့စေ့ကြည့်နေသည်။

‌နင်အာ အံ့အားသင့်နေခဲ့၏။ သူ ရှောင်ပေါ်ဟန်  ရုတ်တရက် မည်သည့်နေရာမှ ပေါ်လာသည်မသိ။

‌နင်အာ က ပြန်မဖြေတာကိုမြင်တော့ ရှောင်ပေါ်ဟန် က သူ့နှုတ်ခမ်းထောင့်တွေကို မြှောက်လိုက်ပြီး "ရှောင်အာ့ ၊ ဒီည အိမ်အတူတူပြန်ရအောင်။ မင်းဘာစားချင်လဲ"
    
"အိမ်အတူတူပြန်ရအောင်။"
ဆိုသည့် စကားလုံးလေးလုံး တမင်တကာ ဖိပြောလိုက်သည် ။

မြင်ကွင်းမှာ ခဏတာ နေရခတ်သွားခဲ့၏။

ရှောင်ပေါ်ဟန် အဘယ်ကြောင့် ဤသို့မေးလာသည်ကို ‌နင်အာ နားမလည်ပေ။ သူနှင့် ရှောင်ပေါ်ဟန် အတူတူ အိမ်ပြန်ခဲ့ကြသော်လည်း ရှောင်ပေါ်ဟန်  ယခင်က ဤမေးခွန်းကို တစ်ခါမျှ မမေးခဲ့ဖူးပေ။

လျိုရှောင်မိန်  ပို၍ပင် ရှက်သွားသည်။

သူမကို ဂရုမစိုက်သော ရှောင်ပေါ်ဟန် ကို ကြည့်လိုက်ပြီးနောက်နင်အာ ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင်၊ ရှောင်ပေါ်ဟန် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် ‌နင်အာ ၏ညာဘက်လက်ပေါ်သို့ သူမ၏ အကြည့်များ ကျရောက်သွားသည်။ 
    ထိုလက်သည် အလွန်လှပသည်၊ ရှည်လျားပြီး လက်အဆစ်များသွယ်သွယ်များ ရှိသော်လည်း ၎င်းသည် နင်အာ၏လက်အား တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားလေသည်။

ဘယ်လိုခံစားရတာပါလိမ့်... ထူးဆန်းလိုက်တာ။

အချိန်အတော်ကြာပြီးနောက်၊ လျိုရှောင်မိန် က မကျေမနပ်ပြုံးလိုက်ကာ
    " ရှောင်ပေါ်ဟန်? ငါ့ကို မှတ်မိလား? ငါတို့က မူလတန်းကျောင်းတုန်းက အတန်းဖော်တွေလေ။ ငါ့နာမည်ကလျိုရှောင်မိန်"

A LITTLE LOVE SONG {Complete} Where stories live. Discover now