အခန်း 45

185 28 7
                                    

  A LITTLE  WARNING 🚨  

အခန်း ၄၅-

‌နင်အာသည် ထိုနေရာမျိုးအား သူ့ကို မည်သို့ ပေးမြင်နိုင်မည်နည်း။

ယခု သူ အိမ်စာတောင် မလုပ်တော့ဘဲ  ရှောင်ပေါ်ဟန်အမြန်တွန်းထုတ်ကာ ကျောင်းလွယ်အိတ်ကို ယူ၍ ထွက်ပြေးသွားခဲ့သည်။ ရှောင်ပေါ်ဟန် သည် ခဏတာမျှ တုံ့ပြန်ခြင်းမရှိသော်လည်း ‌နင်အာ ကတော့ တံခါးကိုတွန်းဖွင့်ပြီး ထွက်ပြေးသွားခဲ့သည်။ နင်အာသည် ရှောင်ပေါ်ဟန် သူ့ကို ပြန်မဖမ်းမီ အိမ်သို့ အမြန်ပြေးကာ တံခါးကို အမြန်ပိတ်လိုက်သည်။

နင်မားမားက တံခါးဖွင့်သံကြားတော့ မီးဖိုခန်းထဲက ထွက်လာပြီး ‌နင်အာ ကို ထူးထူးခြားခြားကြည့်လာ၏ "ဟေး  ရှောင်အာ့ သားဘာလို့ပြန်လာတာလဲ ရှောင်ဟန် နဲ့ အိမ်စာလုပ်ချင်တယ်ဆိုပြီး မပြောခဲ့ဘူးလား"

ရှောင်ပေါ်ဟန်က သူ့ရဲ့ အနောက်နေရာလေးကို ကြည့်ချင်တယ်ဆိုပြီး ပြောလို့ ပြန်လာတာဟူ၍ လည်းပြောမရ...  သူက တုံ့ဆိုင်းနေပြီး

    " ရှောင်ပေါ်ဟန် က သူ့အိမ်စာတွေ လုပ်ပြီးတာ ကြာပြီ၊ အနှောက်အယှက်‌မပေးချင်တော့လို့ တစ်ယောက်တည်း လုပ်မလို့"

နင်မားမားကသက်ပြင်းချကာ  " ရှောင်ဟန်က တကယ် လိမ္မာတဲ့ ကလေးပဲ သူ အိမ်စာကို‌ေတာင် ဘယ်တုံးကလုပ်လိုက်မှန်းတောင်မသိလိုက်ဘူး ဟော်တယ်မှာ တုန်းကနေမှာ၊ မင်းသူ့ဆီကနေ ပိုလေ့လာဖို့လိုတယ်။"

‌နင်အာ က ကြေကွဲသွားပြီး စကားမပြောနိုင်။

"မင်းမျက်နှာက ဘာလို့ဒီလောက်နီနေတာလဲ၊  အအေးမိနေတာလား"

‌နင်အာ က ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး သူ့အခန်းထဲကို လှည့်ထွက်သွားလေသည်။

ညနေစာအတွက် မိသားစုနှစ်စု အတူတူထိုင်ကြသည်။

‌နင်အာ နှင့် ရှောင်ပေါ်ဟန် တို့က အငယ်ဆုံးများဖြစ်ပြီး လေးထောင့်စားပွဲ၏ နံဘေးတွင် အမြဲထိုင်ကြရသည်။ နင်မားမား လွန်ခဲ့သော နှစ်ရက်ဟိုင်ချန် ခရီးစဉ်တွင် ဖြစ်ပျက်ခဲ့သမျှအား ဖွားဖွား ရှောင် အား ပြောပြပြီး ‌နင်အာ ဒဏ်ရာကို ပြောပြသောအခါ ဖွားဖွာရှောင် စိုးရိမ်သောကဖြင့် "ရှောင်အာ့ ၊ အခု အဆင်ပြေရဲ့လား ၊  ဒဏ်ရာက သိပ်မပြင်းထန်ဘူးမလား "

A LITTLE LOVE SONG {Complete} Where stories live. Discover now