အခန်း 43

157 21 0
                                    


အခန်း 43-

‌နင်အာ က ရှောင်ပေါ်ဟန် ၏ရှက်ရွံ့မှုကို အခွင့်ကောင်းယူကာ သူ့ထံမှ အမြန်ထွက်ပြေးခဲ့သည်။

နင်ပါးပါးနဲ့ နင်မားမားတို့က တံခါးလာခေါက်သဖြင့် ‌နင်အာ တံခါးဖွင့်ဖို့ အမြန်သွားလိုက်လေသည်။ ရှောင်ပေါ်ဟန် က Durex ကို ဗီက
ရိုထဲသို့ တည်ငြိမ်စွာပြန်ထည့်လိုက်ပြီး လေးယောက်စလုံး စာမေးပွဲခန်းသို့သွားရာလမ်းကြောင်းကို ရင်းနှီး အောင်လုပ်စေရန် ဟိုတယ်မှ ထွက်ခွာသွားကြသည်။

ဤဟိုတယ်မှ စာမေးပွဲခန်းသို့ လမ်းလျှောက်ရန် ဆယ်မိနစ်သာကြာပြီး စာမေးပွဲခန်းကို အတည်ပြုပြီးနောက်မှာ ညနေ ခုနစ်နာရီပင်ထိုးနေပြီဖြစ်သည်။ မူလက နင်ပါးပါးက လူတိုင်းနှင့် အနီးနားတွင် လည်ပတ်လိုသော်လည်း နင်မားမားက နောက်နေ့တွင် စာမေးပွဲရှိနေသဖြင့် ဒီည စိတ်အေးအေးထားတာက ပိုကောင်းသည်လို့ တွေးခဲ့တယ်။

"မနက်ဖြန် စာမေးပွဲဖြေပြီးရင် ငါတို့ ဈေးဝယ်ထွက်ကြမလား။ ဒါပေမယ့် ရှောင်ဟန် ကတော့ ဟိုင်ချန် မှာနေလာတာမို့ ငြီးငွေ့နေလောက်ပြီ ထင်တယ်"

ရှောင်ပေါ်ဟန် က ခေါင်းခါပြ၏ "ကျွန်တော်က အပြင်ကို ထွက်ခဲတယ်၊ ဒါကြောင့် ညနေခင်းကျ ကျွန်တော်တို့အတူတူ ဈေးဝယ်ထွက်ကြမလား။"

‌နင်အာက ရှောင်ပေါ်ဟန် ကို ထူးထူးခြားခြား စိုက်ကြည့်နေသည် ။ ယမန်နှစ် အမျိုးသားနေ့တွင် ရှောင်ပေါ်ဟန်က ဖူဒန်ကို အလည်အပတ်ခေါ်သွားသောအခါ သူသည် ရပ်ကွက်နှင့် အလွန်ရင်းနှီးပုံရပြီး လမ်းတိုင်းတွင် ပြေပြေပြစ်ပြစ် သွားလာနေသည်ကို သတိရမိသည်။

နင်ပါးပါးနဲ့ နင်မားမားတို့တို့က စိတ် အခြေနေကောင်းနေသဖြင့် လျင်မြန်စွာ လျှောက်သွားခဲ့ပြီး ‌နင်အာ နှင့် ရှောင်ပေါ်ဟန်တို့က နောက်မှ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

‌နင်အာ အခုတလော ဖြစ်ပျက်ခဲ့တာတွေကို တွေးနေတုန်းမှာပဲ၊ သူ့နားထဲမှာ နက်နဲတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ကိုယ့်ယောက္ခမနဲ့ ယောက္ခထီးကြီးကို ကျေနပ် အောင် လုပ်ပေးရမှာ‌ ပေါ့"

A LITTLE LOVE SONG {Complete} Where stories live. Discover now