အခန်း 49(part 1)

168 22 4
                                    


အခန်း 49- ဗီရိုထဲမှ ထွက်လာခြင်း (အပို  2)

ရှောင်ပေါ်ဟန် ဘွဲ့ရပြီး အလုပ်လုပ်နေပြီးနောက် ‌နင်အာ သည်လည်း ဆေးရုံတွင် အလုပ်သင်စတင်တော့မည်ဖြစ်သည်။

‌နင်အာ သည် ငယ်စဉ်ကပင် ကွန်ပြူတာအကြောင်း များများစားစား မသိခဲ့ဘဲ မူလတန်းကျောင်းတွင်ဆရာက တောင်းဆိုခဲ့သည့် စာရိုက်ရန်နှင့် Kingsoft ဂိမ်းများကို အသုံးပြုခဲ့ သည်။

နောက်ပိုင်းတွင် အထက်တန်းကျောင်းကွန်ပြူတာစာမေးပွဲတွင် ယန်ကျုံ သည် VR နှင့် WORD ကိုရွေးချယ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်၊ ကွန်ပြူတာ စာမေးပွဲအတွက် လိုအပ်ချက်များ အားလုံး ပြီးသွားသည်သာ မဟုတ်ပါက ‌နင်အာရဲ့  ကွန်ပြူတာ ကျွမ်းကျင်မှု အရည်အချင်းကြောင့် သူ နောက်နှစ်တွင် စာမေးပွဲကို သေချာ ပေါက်  ပြန်ဖြေဆိုရပေလိမ့်မည်။

ရှောင်ပေါ်ဟန် သည် တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံကို လေးနှစ်ကြာလေ့လာခဲ့ပြီး ‌နင်အာ သည်လည်း သူဘာတွေလေ့လာနေသည်ကို နားမလည်ခဲ့ပေ။ ယခု ရှောင်ပေါ်ဟန် နှင့်သူ့ အတန်းဖော်အများအပြားက လုပ်ငန်းတစ်ခုစတင်နေကြပြီး ‌နင်အာ ကလည်း ဘာမှနားမလည်သောကြောင့် ရှောင်ပေါ်ဟန်အား တတ်နိုင်သမျှ မနှောင့်ယှက်ရန်သာ ကြိုးစားနိုင်တော့သည်။

သို့သော်လည်း ‌နင်အာ ရဲ့ သူ့စိတ်ထဲမှာ တစ်ခုခု အမြဲရှိနေခဲ့ပြီး သူအဖြေရှာမရပေ။

   " ရှောင်ပေါ်ဟန် ကဘာလို့ သူ့ကိုယ်ပိုင်လုပ်ငန်းကို လုပ်ချင်ရတာလဲ "

မကြာသေးမီနှစ်များအတွင်း ‌နင်အာ သည် ရှောင်ပါးပါး  နှင့်ရှောင်မားမားကို အကြိမ်အနည်းငယ်တွေ့ခဲ့ဖူးသည်ပင်။ တရုတ်နှစ်သစ်ကူးမှာ ဖွားဖွားရှောင်ကို အတူတူတွေ့ဖို့ အိမ်ပြန်ကြမည်ဖြစ်၏။ သူတို့က မိဘများရှေ့တွင် ကောင်းမွန်သော ဆက်ဆံရေးရှိပုံရသည့် ပုံစံအတိုင်း ထိန်းသိမ်းပြီးနေကြကာ အမြဲဝင်ထွက်သွားလာခဲ့ကြသည်။

ရှောင်ပါးပါး  နှင့်ရှောင်မားမားက  ‌နင်အာ တို့ ငယ်စဉ်ကတည်းက အတိုင်း နုပျိုနေဆဲ ဖြစ်သော်လည်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကတော့ နည်းနည်းအေးစက်နေခဲ့ခဲ့‌သေးသည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပရန် ‌နင်အာ ရှောင် မိသားစုထံ အလည်လာသောအခါ သူတို့နှစ်ဦး မှာ တစ်ယောက်ကိုတစ်ယောက် စကားအနည်းငယ်မျှ မပြောဘဲ အဝေးသို့ ထွက်သွားကြသည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now