အခန်း 36

249 29 3
                                    


အခန်း 36

နင်အာ ဖိနပ်ကိုစီးကာ တံခါးကိုမဖွင့်ဘဲ သော့ကိုကိုင်ကာ တံခါးဝတွင်ရပ်နေခဲ့သည်။

နင်မားမား ယနေ့တွင် ခေတ္တအလုပ်သွားရမည်ဖြစ်သောကြောင့် နံနက်စောစောတွင် တစ်ယောက်တည်း ဇာတိမြို့မှ အမြန်ပြန်လာခဲ့သည်။ မီးဖိုချောင်ထဲက ကြက်ဥကြော်တွေကို ထည့်လိုက်ပြီးနောက် အပြင်မထွက်ဘဲ တံခါးနားမှာ တုံးအစွာ ရပ်နေတဲ့ သားဖြစ်သူကို တွေ့တော့ "နင်အာ ဘာလုပ်နေတာလဲ ကျောင်းမသွားသေးဘူးလား။

‌နင်အာ ရုတ်တရက် လန့်သွားပြီး လှည့်လိုက်ကာ ချီတုံချတုံနဲ့ “ဟုတ်ပြီ” လို့ ပြောပြီးနောက်တံခါးလက်ကိုင်ပေါ် လက်တင်လိုက်ပေမယ့် မဖွင့်နိုင်သေး။

နင်မားမား မျက်မှောင်ကြုတ်ပြီး "နင်အာ၊ မင်းဘာလို့ ကျောင်းကို မြန်မြန်မသွားတာလဲ။"

‌နင်အာက တံခါးကို အမြန်ဖွင့်လိုက်၏။

တံခါးဖွင့်သံကြားတော့ ရှောင်ပေါ်ဟန် ကလက်ကိုင်ဖုန်းနဲ့ ကစားနေရာက ခေါင်းမော့ပြီး  နင်အာကို ကြည့်လာသည်။

‌နင်အာ သူ့ကိုမြင်သည်နှင့် သူ့ မျက်နှာကို လှည့်၍ မကြည့်ဝံ့ဘဲ ဖြစ်နေသည်အား ‌မြင်ရာ ရှောင်ပေါ်ဟန်က နှုတ်ခမ်းကို မြှောက်ကာ ပြုံးလိုက်သည်။ ရှေ့သို့ ခြေတစ်လှမ်းလှမ်းတော့ နင်မားမားက သူတို့ကိုကြည့်လာသဖြင့် "အားရီ ရှောင်အာ့ နဲ့ ကျွန်တော် ကျောင်းသွားလိုက်အုံးမယ်။"

"မင်းအမေက ဘာလို့ ပြန်လာတာလဲ။ မင်းမိဘတွေက မွေးရပ်မြေကို မင်္ဂလာဆောင်ရှိလို့ သွားတာ ဒီည ပြန်မလာဘူးလို့ မင်းပြောတယ် မဟုတ်လား"

သူ့ခေါင်းကိုင်ြမ် တိုးတိုးလေးဖြင့်ပြောသည် "မား ဒီနေ့ အလုပ်စရာရှိလို့မနက်အစောကြီးမှ ပြန်လာတာ"

မိုးလင်းလို့ အိပ်ရာက တော့နင်မားမားကို တွေ့လိုက်ရလို့အရမ်းလန့်သွားပြီး ဖုန်းတောင် ပြုတ်ချလုနီးပါးပင်ဖြစ်ခဲ့၏။

နင်မားမားက နံနက်ဆိုင်းနှင့် ညနေပိုင်း ခွဲခြားထားသော စူပါမားကတ်တစ်ခုတွင် အလုပ်လုပ်သည်။မူလကနောက် နှစ်ရက်အတွင်းသူမရဲ့ညီမ  မင်္ဂလာဆောင်ပွဲအတွက် သူ့လုပ်ဖော်ကိုင်ဖက်နှင့် အဆိုင်းပြောင်းခဲ့သည်။ထို့နောက် ထိုလုပ်ဖော်ကိုင်ဖက်၏ညီမ၏ ရေမြွှာရေကွဲသွားတာမို့ ထိုလုပ်ဖော်ကိုင်ဖက်မှာဆေးရုံသွားစောင့်ရမှာဖြစ်၍ အဆိုင်းကိုမလာနိုင်တော့ကြောင်း မနေ့ညက မက်ဆေ့ခ်ျပို့ခဲ့သဖြင့် နင်မားမားပြန်လာရခြင်းဖြစ်သည်။ နင်မားမား မှာ ရွေးချယ်စရာမရှိလို့ သူ့မွေးရပ်မြေကနေ ချက်ချင်းပြန်လာခဲ့ရ၏။

A LITTLE LOVE SONG {Complete} Donde viven las historias. Descúbrelo ahora