အခန်း 23

218 37 3
                                    


အခန်း ၂၃

ချမ်းအေးသော လရောင်သည် ပြတင်းပေါက်မှတစ်ဆင့် စာသင်ခန်းအား လင်းထိန်နေ စေသည်။

ရှောင်ပေါ်ဟန် သည် ‌နင်အာ ၏ခြေဖဝါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး မြေပြင်ပေါ်တွင် ဒူးထောက်တစ်ဝက်ခန့်နှင့် သူ့ကို မော့ကြည့်နေသည်။

နင်အာ၏မျက်လုံးများသည် ထိတ်လန့်နေသော သမင်တစ်ကောင်ကဲ့သို့ မျက်ရည်များ စိုစွတ်နေ ကာ ရှောင်ပေါ်ဟန်အား တိတ်တဆိတ်ကြည့် နေသည်။ သူနည်းနည်းလေး နွေးထွေးသွားသည်။ သူ့ခြေကျင်းဝတ်၏ နာကျင်ကိုက်ခဲမှုက သူ့အရေပြားထဲကို တဖြည်းဖြည်း စိမ့်ဝင်သွားပေမယ့် ရှောင်ပေါ်ဟန် ရဲ့လက်က နွေးထွေးပြီး ပူနေနေ၍ အပူချိန်ကြောင့် သူ့ကို ထုံကျင်သွားစေ၏။ နာကျင်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထူးဆန်းသော ထုံကျင်ခြင်း ခံစားမှု တစ်ချို့သာ ကျန်ရှိတော့သည်။

ရှောင်ပေါ်ဟန် သည် မျက်နှာကို အလွန်ဂရုစိုက်သူတစ်ဦးဖြစ်သော်လည်း ယနေ့တွင်မူ ထိုသို့သောအရာများကို လုံးဝ မဂရုမစိုက်ချင်တော့ပေ။

သူ့ဘဝတွင် အကြီးမားဆုံးရန်သူနှင့် ဆုံတွေ့ခဲ့ရသည်ဟု ခံစားမိသည်။

‌နင်အာ ရှေ့မှာ သူ့မျက်နှာ ထားစရာမရှိတော့ပေ ။

သူစာသင်ခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ နင်အာက သနားစရာကောင်းစွာ ခြေထောက်တွေကို ပွတ်သပ်နေပြီး မတ်တပ်ထရပ်ဖို့မနည်း ကြိုးစားနေတာကို တွေ့လိုက်ရ၍ သူတကယ်ပေါက်ကွဲသွား၏။ သို့သော် ‌နင်အာ က သူ့ကို ကြည့်လိုက်ပြီး သူ့နာမည်ကို ခေါ်လိုက်သောအခါ မှာတော့ သူ့ ဒေါသတွေ အားလုံးက ကိုယ့်ကိုယ်ကို အပြစ်တင်စရာတွေ နှင် ပူပန်မှုများ အဖြစ်သို့ပြောင်းလဲ လာသည်။

‌နင်အာ က သူ့ကို လျစ်လျူရှုပြီး ပြန်မဖြေခဲ့သည်အား သူ လုံးဝ ဒေါသမထွက်ခဲ့နိုင်ပေ။

ရှောင်ပေါ်ဟန် က ခေါင်းငုံ့လျက် ‌နင်အာ ရဲ့ နီရဲပြီး ရောင်ရမ်းနေသော ခြေကျင်းဝတ်ကို ညင်သာစွာ နှိပ်နယ်ပေးရင်း

A LITTLE LOVE SONG {Complete} Where stories live. Discover now