အခန်း 28

229 26 1
                                    

အခန်း 28

ရှောင်ပေါ်ဟန်က နိုးနေသေးသည်။

နှစ်ယောက်လုံး ရေချိုးပြီးနောက် အဝတ်တွေလဲလိုက်ကြကာ ကိုးနာရီလောက်မှာ ကားပေါ်တက်ပြီး ဖူဒန်ကျောင်းဝင်းကို ဦးတည်သွားလိုက်ကြသည်။

နင်အာက ကားပြတင်းပေါက်ကနေ လှည့်ကြည့် နေသည်။

ဤလှပသော ဗီလာဧရိယာကိုဖြတ်၍ ဖူဒန် သို့ ဝင်ရောက်ပြီး စည်ကားသောမြို့ပြကြီးမှာ သူ့ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ ယန်ချိန်က ဆားငန်-အယ်ကာလီ မြေသားပုံစံဖြစ်ပြီး အထပ် ၄၀ အထက် အထပ်မြင့် အဆောက် အအုံများ ဆောက်ရန် မဖြစ်နိုင်ပေ။ ထို့သဖြင့် ‌နင်အာ က ယန်ချိန်တွင် ဤမျှမြင့်သော အဆောက်အဦများစွာကို မြင်ခဲလှသည်။ သူ ဟိုင်ချန် တွင် နှစ်ရက်အကြာနေခဲ့ပြီ ဖြစ်သော်လည်း စိတ်ဝင်တစားဖြင့် လှည့်ကြည့်နေဆဲဖြစ်သည်။

ရှောင်ပေါ်ဟန် စိတ်ရှည်လက်ရှည်ဖြစ်နေကာဟိုင်ချန် ရှိ အထင်ကရ အဆောက် အအုံတစ်ခုအနီးသို့ ဖြတ်သွားသည့်အခါတိုင်း ၎င်းကို ညွှန်ပြပြီး ထိုအဆောက် အအုံ၏ အမည်နှင့် ရည်ရွယ်ချက်ကို ပြောပြ ခဲ့သည်။

ကားက ဟိုင်ချန်ဂန္တဝင် ပြဇာတ်ရုံ အနီးသို့ မောင်းလာသောအခါ ရှောင်ပေါ်ဟန် က ‌နင်အာ အနီးသို့ ချဉ်းကပ်လာပြီး ‌နင်အာ ၏ဘေးတွင် ထိုင်ကာ သူ့အနားကို ကပ်လျက်

   "ဒါက ဟိုင်ချန်ဂန္တဝင် ပြဇာတ်ရုံလေ။ နေ့တိုင်း ဖျော်ဖြေပွဲတွေ အများကြီးရှိတယ်။ သဘက်ခါကျ ဖျော်ဖြေပွဲကျင်းပဖို့ ဒီနေရာကို အရမ်းနာမည်ကြီးတဲ့ သံစုံတီးဝိုင်းတစ်ဝိုင်း က လာဖျော်ဖြေ မှာ။ ရှောင်အာ့ သွားပြီး နားထောင်ချင်လား?"

‌နင်အာတခါမှ ဂီတဖျော်ဖြေပွဲကို တခါမှ မသွားဖူးပေ၊ လှည့်ကြည့်လိုက်တော့ ရှောင်ပေါ်ဟန်ရဲ့ မျက်နှာကို တွေ့လိုက်ရ၏။

‌နင်အာ အနည်းငယ်ရှက်သွားပြီး "ကောင်းပြီ၊ သွားနားထောင်ကြရအောင်။ ဒါပေမယ့် ငါကသိတော့ နားမလည်ဘူး..."

နင်အာ သတိမထားမိလိုက်ဘဲ ခေါင်းကို လှည့်လိုက်ရာ သူရဲ့ ဆံပင်တချို့က ရှောင်ပေါ်ဟန်ရဲ့ ပါးပြင်ပေါ်သို့ ဖြတ်တိုက်သွား၏။
မနေ့ကမှ သူ့ဆံပင်ကို လျှော်ထားတာမို့ လတ်ဆတ်သော ခေါင်းလျှော်ရည် ရနံ့က ရှောင်ပေါ်ဟန် ၏နှာခေါင်းထဲသို့ စိမ့်ဝင်သွားသည် ။အရင်က သူမကြာခဏသုံးနေကျ ခေါင်းလျှော်ရည်ကိုပဲ ‌နင်အာ ကလည်း  အသုံးပြုခဲ့ပေမယ့် ဒီရနံ့က ‌နင်အာဆီကနေ ထွက်လာတာမို့ စိတ်မလှုပ်ရှားဘဲ မနေနိုင်။

A LITTLE LOVE SONG {Complete} Место, где живут истории. Откройте их для себя