အခန်း 27

237 29 4
                                    

       
  ☆

အခန်း 27

        ဤလူ၏နောက်ကွယ်မှ တောက်ပသော အလင်းတန်းများ ထွန်းတောက်‌ နေသည်။

        ‌နင်အာက ရှောင်ပေါ်ဟန် ၏ အရိပ် အောက်တွင်ရှိနေပြီး  သူ၏ ခေါင်းကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ထိုလူ၏နွေးထွေးသော အသက်ရှုသံများက သူ့မျက်လုံးများအပေါ် မှုတ်ထုတ်လိုက်၍ မျက်တောင်များ တုန်ခါသွားကာ သူ့ရှေ့ကလူကို မမြင်ရပေ။

   သို့သော် သူ ရှင်းရှင်းလင်းလင်း မြင်နေရဆဲ၊ ရှောင်ပေါ်ဟန်က တောက် လောင်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေပြီး သူ့ခန္ဓာကိုယ်အောက်ရှိ အရာသည် မာကျောသွားကာ ‌နင်အာ ကို အဆုံးစွန်ထိ တွန်းပို့လိုက်သည်။

        ဒီလူကို တွန်းထုတ်ချင်ပေမယ့် သူ့ခန္ဓာကိုယ်က အားနည်းလွန်းတော့ လုံးဝမလှုပ်နိုင်တော့။

  တဖြည်းဖြည်းနဲ့ထိုအရာအားခံစားချက်တွေ တကယ်ရှိနေတာကို တွေ့လာရ၏။ ရှောင်ပေါ်ဟန် ၏ဝမ်းဗိုက်အောက်ပိုင်းတွင် ဖိထားသော သူ့ခန္ဓာကိုယ်က တုန်လှုပ်ချောက်ချားနေပြီး ရှောင်ပေါ်ဟန်က ဘာလို့ ရုတ်တရက် တုံ့ပြန်နေတာလဲဟု မေးရမည်ကို အလွန်ကြောက်ရွံ့နေပါသည်။

        " ရှောင်... ရှောင်ပေါ်ဟန်..."

       ‌နင်အာ ယခုအခိုက်တွင် ရှောင်ပေါ်ဟန် ဘာလို့ မာလာသည်ကို မသိသော်လည်း လက်ရှိအခြေအနေကို မရင်ဆိုင်နိုင်ပေ။

        သူ့ခန္ဓာကိုယ်သည် တောင့်တမှုဖြင့်သာ ကြီးစိုးနေခဲ့ပြီး အဝတ်မဲ့ နေသည့် နင်းအာကို ဗီရိုအကြား ဖိထားကာ ‌နင်အာကလည်း သူ့ကို မတွန်းထုတ်နိုင်ပေ။ ဒါပေမယ့် သူ့အသိစိတ်တွေ ပြန်ဝင်သွားတော့ ရှောင်ပေါ်ဟန် က သူ့ရဲ့ လက်ရှိအပြုအမူကို ရှင်းပြဖို့ အကြောင်းပြချက် ရှာမတွေ့ခဲ့။

သူက နင်အာကို ငုံ့ကြည့်မိသည်။
သူ့နှလုံးသားက ဤတခဏတာ၌ ပြင်းပြင်း ထန်ထန် ခုန်နေ၏။

        ‌နင်အာ က မှားယွင်း နေသလို ခံစားရပြီး အားကိုးရာမဲ့သလို နီရဲနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ သူရဲ့ ရေချိုးပြီးခါစက ဖြစ်၍ဆံပင်တွေ စိုစွတ်နေပြီး မျက်လုံးများနီရဲ နေကာ သူ့အပြုအမူကို ကြောက်လန့်နေပုံရသည်။ တစ်စက္ကန့်အကြာမှသာ  သူအသိစိတ် ပြန်ဝင်လာပါက ‌နင်အာ၏ နှုတ်ခမ်းများကို မနမ်း ဘဲ နေနိုင်မည် မဟုတ်။

A LITTLE LOVE SONG {Complete} Where stories live. Discover now