အခန်း 3

626 93 8
                                    

နေ့ခင်းပိုင်း ဒုတိယစာသင်ချိန်တွင်
ဓာတုဗေဒဆရာက စင်မြင့်ပေါ်၌ စမ်းသပ်မှုကို သရုပ်ပြခဲ့သည်။
နင်အာ ကငုံးတစ်ကောင်ကဲ့သို့ ခေါင်းကိုငုံ့ထားကာ လက်ကောက်ဝတနှင့် နဖူးအားပွတ်နေ၏။
ကျန်းချန် ကသူ့ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်ထားကာ စိတ်ဝင်တစားကြည့်နေလျက် သူ့လက်ကိုင်ဖုန်းကို တိတ်တဆိတ်ထုတ်ကာ နှိပ်နေသည်။

နင်အာ သူ့ကို မော့ကြည့်လိုက်၏။

ကျန်းချန်ကလည်း
" နင်အာ နောက်တစ်လမှဖြေမယ့် နောက်ဆုံးစာမေးပွဲရဲ့ရလဒ်တွေကိုကြိုတင်ဟောကိန်းထုတ်ပြီး အရင်စိတ်ညစ်နေတာလား?"

နင်အာ: "..."

နင်အာနှင့် ကျန်းချန်တို့က လေးနှစ်လောက်အတန်းဖော်များဖြစ်လာကြသည်ပင်။
ဂျူနီယာ အထက်တန်းတုန်းကသူတို့မရင်းနှီးခဲ့ကြပေမယ့် အမြဲတမ်း အတန်းတူခဲ့ကြ၏။
နင်အာ က ကလေးဘဝကတည်းက လှတပတလေး ကြီးပြင်းလာခဲ့သည်ပင်။
မူလတန်းတွင် အားလုံးက ကလေးငယ်များဖြစ်ကြသည်မို့ ချောတာ လှတာဂရုမစိုက်ကြပေ။

အလယ်တန်းကျောင်းပြီးတဲ့အခါ လူတိုင်းက တဖြည်းဖြည်းနဲ့ ပွင့်လင်းလာခဲ့၏။
သူ့ဖာသာသူ နေသော်လည်း
နင်အာကို မိန်းကလေးများကလျင်မြန်စွာ အာရုံစိုက်လာကာ တိတ်တခိုးချစ်ကြသူများရှိလာခဲ့သည်။
မျက်နှာငယ်လေးနှင့် တိတ်ဆိတ်စွာ နေတတ်သည့်အကျင့်ရှိကာ အရိုးဖွဲ့စည်းပုံက လည်းညှပ်သဖြင့် အရပ်လည်းရှည် မလာသလို၊သူ အားကစားလည်း မကျွမ်းကျင်ပေ။

‌တစ်ခြား ကောင်လေးတွေနှင့်လည်းသိပ်မရင်းနှီး၍ သူအရပ်ရှည်ပြီး ပိုကြီးထွားလာရန် အတွက် ခတ်ခဲလာခဲ့၏။
ကျန်းချန်က ယောင်္ကျားလေးများအထဲတွင် ပွင့်လင်းဆုံးနှင့်ခင်မင်တတ်သူတစ်ယောက်ဖြစ်သည်။
အထက်တန်းကျောင်းမှာ ထပ်မံအတန်းတူပြီး ထိုင်ခုံဖော်များဖြစ်လာကြပြန်၏။
ကျန်းချန် က သူ့ကို ဘတ်စကတ်ဘောကစားရန် ဆွဲဆွဲ ခေါ်သွားသဖြင့်
သူတို့နှစ်ယောက်ဟာ ချက်ချင်းဆိုသလို ရင်းနှီးလာပြီး သူငယ်ချင်းကောင်းတွေဖြစ်လာကြသည်။
နင်အာ မော့ကြည့်လိုက်တော့ ဓာတုဗေဒဆရာက သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဒီနေ့သူစိတ်ပြန့်လွှင့်နေ၍ စာကို ကောင်းကောင်း လိုက်နားမထောင်နိုင်ခဲ့ချေ။
သူ တဖြည်းဖြည်း မတ်မတ်ထိုင်လိုက်ပြီး စင်ပေါ်သို့ အာရုံစိုက်စွာ ကြည့်လိုက်သည် ။

A LITTLE LOVE SONG {Complete} Where stories live. Discover now