အခန်း 49 extra (part 2) THE END

230 30 6
                                    

#A LITTLE WARNING

နင်အာက ရှောင်ပေါ်ဟန်ဘက်သို့ ရုတ်တရက်ခေါင်းလှည့်လာကာ : "မင်း သူ့ကို တောင်းပန်ပြီးပြီလား?"

ရှောင်ပေါ်ဟန်က အသီး ခွာနေဆဲ ဖြစ်၏: "ဟမ်?"

‌နင်အာ: "ခေါင်းဆိုတာက ဟာသ သွားလုပ်စရာ နေရာမဟုတ်ဘူး။လွယ်လွယ်ကူကူ သွားရိုက်တာက မမှန်ဘူးလေ။လောလောဆယ် ဆေးပညာနဲ့ ထိခိုက်တဲ့ဒဏ်‌တွေကို အတိအကျ မဖော်နိုင်ဘူး ဆိုပေမယ့် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာက ပြောမရတဲ့အပြင် နောက်တစ်ကြိမ် မတော်တဆသာ  လွဲချော်သွားရင်တော့ ဘယ်လို အကျိုးဆက်တွေ ဖြစ်မလဲ ဘယ်သူမှ မသိဘူး။"

ရှောင်ပေါ်ဟန် : "... မင်းဘာလို့ ဆေးပညာကို အရင်လေ့လာခဲ့ရတာတုန်း"

        

‌နင်အာ တစ်ခနလောက် နားမလည်လိုက်ဘဲ : "ငါ့မားက ငါ့ကို ဆရာဝန်ဖြစ်စေချင်တာ ဘာလို့ဆို ဂုဏ်ရှိတဲ့ အလုပ်လို့  "

ရှောင်ပေါ်ဟန်"..."

စိတ်ရှုပ်စရာ ကောင်းသော်လည်း ယောက္ခမကြီးကို အပြစ်တင်လို့မရပေ။ တောင်ပန်ပါတယ် ယောက္ခမကြီးရေ!

‌နင်အာ ၏ ပဉ္စမ စာသင်နှစ် ပထမနှစ်ဝက်တွင်၊ ရှောင်ပေါ်ဟန်၏ အလုပ်အများဆုံးအချိန်ဖြစ်သည်။

ရှောင်ပေါ်ဟန်ရဲ့ ကုမ္ပဏီက အထူးကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး ကုမ္ပဏီကြီးများမှ ရင်းနှီးမြှုပ်နှံမှု  A ကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ကျောက်ဟိုင်ချန် ထံမှ ‌နင်အာ မှ သိရှိခဲ့ရပြီး Round B ကလည်း လက်ရှိတွင် ဆွေးနွေးနေဆဲဖြစ်သည်။ သို့သော် ရှောင်ပေါ်ဟန်က အလုပ်များနေသေးသည်။ သူ ဟိုင်ချန်ဆီမှ ထွက်ခွာကာ တစ်လခွဲခန့်  အပြင်သို့ ခရီးထွက်ခဲ့သည်။

နောက်တစ်နှစ် ဖေဖော်ဝါရီလကုန်တွင် ‌နင်အာ ဆေးရုံမှ နေအိမ်သို့ ပြန်လာခဲ့ပြီး အပြင်ဘက်တွင် ရာသီဥတု အေးခဲကာ နှင်းများကျနေပါသည်။

ရှောင်ပေါ်ဟန် နေ့လယ်တွင် ပြန်လာခဲ့ကာ ‌နင်အာ အတွက် ရေနွေးတစ်ခွက်လောင်းထည့်ပြီး "ခုတလော ဆေးရုံက အရမ်းအလုပ်များနေလား" လို့ မေးလာ၏။

You've reached the end of published parts.

⏰ Last updated: May 22 ⏰

Add this story to your Library to get notified about new parts!

A LITTLE LOVE SONG {Complete} Where stories live. Discover now