Part - 7 ( Unicode )

8.6K 420 9
                                        

( Warning - 18 +  )

mature scence ပါဝင်တာကြောင့် အသက်မပြည့်သေးသူများနှင့် မကြိုက်မနှစ်သက်သူများ ကျော်သွားပေးပါရန် ❗❗❗

---------------------------------------

. ခမ်းနားတဲ့ ခြံဝန်းကျယ်ကြီးထဲ မီးရောင်စုံတွေပြိုးပြိုးပြက်ပြက်လင်းလက်နေကာ စားပွဲဝိုင်းအပြည့် ဧည့်သည်တွေက ဝတ်စားထားပုံကိုကြည့်ရုံနဲ့တင် အဆင့်အတန်းတစ်ခုကိုဖော်ပြနေသလို အရှိန်အဝါတွေအပြည့် ။ အကျဥ်းရုံးအဖြစ်သာ စီစဥ်ခဲ့ပေမယ့် တကယ်တမ်းဖေဖေ့မိတ်ဆွေတွေနဲ့ အရင့်ရဲ့ လုပ်ငန်း ပါတနာတွေပါ ပါလာတော့ ဧည့်ခံပွဲက ထင်ထားတာထက် ပိုပီးစည်ကားနေသည် ။

ပွဲစကတည်းက သူဆွဲခေါ်ရာနောက် လိုက်လာရပေမယ့် ဧည့်သည်တွေရှုပ်လာတော့ စည်းလဲစားပွဲဝိုင်းတစ်ခုမှာ ငြိမ်ငြိမ်လေးထိုင်နေရသလို အရင့်ကလဲစည်းအနားထပ်မရောက်လာတော့ပါ ။ စည်းတို့ရဲ့ မဂ်လာပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ဖို့စိတ်ကူးသူ့မှာကော စည်းမှာပါရှိမနေခဲ့တာကြောင့် ဧည့်သည်အနည်းအကျဥ်းလောက်နဲ့လုပ်တဲ့ dinner သဘောလောက်သာစည်းသိထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ စားပွဲဝိုင်းအပြည့် ဧည့်သည်တွေက မနည်းမနော ။

မေမေကတော့ သူ့မိတ်ဆွေတွေဝိုင်းမှာသာရှိနေပီး တစ်ခါတစ်ရံ စည်းကိုတစ်လှည့် သူ့မိတ်ဆွေတွေကြားထဲ အလုပ်ရှုပ်နေသည့် အရင့်ကိုတစ်လှည့် လှမ်းလှမ်းကြည့်ပီး သက်ပြင်းတချချ ။ မတတ်သာလို့ လက်ခံလိုက်ရတဲ့ လက်ထပ်ပွဲမှာ စည်းစိတ်ဆန္ဒအနည်းငယ်တောင် မပါဝင်ခဲ့ပဲ သူ့သဘောသူ့ဆန္ဒအတိုင်းပြင်ဆင်သွားခဲ့တာ စည်းကိုယ်ပေါ်က အဝတ်အစားကိုတောင် စည်းသဘောအတိုင်း ရွေးချယ်ခွင့်မပေးခဲ့ပါ ။ လက်ထပ်ခြင်းဆိုတဲ့ အရာနဲ့ အရင့်ဆီမှာကျရှုံးပီးသွားချိန်ကတည်းက စည်းရဲ့ စိတ်နဲ့ ဆန္ဒတွေဟာ ဘယ်ဆီရောက်သွားရပီမှန်းမသိပဲ သူ့သဘောအတိုင်းသာ ဖြစ်ခဲ့ရသည် ။

wedding dinner လို့သာ အမည်ခံထားပေမယ့် စည်းနဲ့သူ တစ်ယောက်တစ်နေရာစီဖြစ်လျက် တစ်ချက်တစ်ချက် ဟေးခနဲ ဟားခနဲအသံကြားလို့ မကြည့်လိုက်နဲ့ အရင့်ရောက်သွားသမျှ စားပွဲတိုင်းဆီက အသံတွေက ခြံဝန်းတစ်ခုလုံးကိုလျှံကျနေသည် ။

The Shadow ( Ongoing )Место, где живут истории. Откройте их для себя