လက်တွေ့နှင့်အိပ်မက်ကိုခွဲခြားသိမြင်နိုင်ဖို့ခက်ခဲစွာပင် မျက်စိရှေ့မှာမြင်နေရသည့်မြင်ကွင်းအားသူအထူးအဆန်းသဖွယ်ငေးကြောင်ကြည့်နေမိ၏ ။ ခြံဝန်းကျယ်ကြီးတစ်ခုလုံးမှာ ဖွေးဖွေးလှုပ်ပွင့်နေသောတရုတ်စံကား ( Plumeria ) ပန်းပွင့်ကလေးတွေသည် လေပြည်တစ်ချက်ဝေ့သွားတိုင်း သင်းပျံ့စွာနဲ့သူ့နှာဖျားသို့တိုးဝှေ့ကျီစယ်သည် ။ လူသွားလမ်းကျဥ်းလေးတစ်ခုကလွဲရင်သူရောက်နေသောခြံကြီးတစ်ခုလုံးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ တရုတ်စံကားပင်တို့ကိုသာစနစ်တကျစိုက်ပျိူးထားလေသည် ။
" အလင်းရင့်ရောင် " ဆိုသည့်ရွှေရောင်စာလုံးကြီးတွေဖြင့် တံဆိပ်နှိပ်ခတ်ထားသောအိမ်ကြီးကိုရောက်ရောက်ချင်း သူ့စိတ်အာရုံတွေကိုဖမ်းစားသွားနိုင်ခဲ့သည့်အရာဟာ ထိုစံကားပင်တွေပါပဲ ။ နှစ်ထပ်မျှသာခမ်းခမ်းနားနားဆောက်ထားသည့် မှန်လုံအိမ်ကြီးနှင့်ခြံဝန်းကျယ်ကြီးသည်ကားဖြင့်သွားရမည်ဆိုလျှင်တောင်၂ မိုင်စာလောက်ကျယ်ဝန်းမည်ထင်၏ ။ ပြီးတော့ စံကားပင်တို့အပြည့်စိုက်ထားသောခြံဝန်းထဲကနေအိမ်ကြီးဆီကို ကားဖြင့်သာသွားလိုလျှင်တော့စံကားပင်တို့ကိုကွေ့ပတ်လျက်ဖောက်ထားသောကားလမ်းတစ်ခုရှိပြီး အခုလိုလမ်းအေးဆေးလျှောက်သွားနိုင်ဖို့အတွက်လဲ လူသွားလမ်းလေးတစ်ခုကိုထည့်သွင်းပေးထား၏ ။
" ဒါ တကယ်ကြီးငါ့အတွက်လား "
အလင်းရဲ့တအံ့တသြအမေးကိုတိုက်ကပြုံး၍သာခေါင်းညိတ်တုံ့ပြန်သည် ။ အလင်းချက်ချင်းပင်ပျော်ရွှင်သွားရကာ စံကားပင်လေးတွေကိုထိတွေ့တော့ မွဲပြာရောင်အခေါက်တို့သည် ချောမွေ့ပေမယ့်အပွေးတက်နေတာကြောင့်အနည်းငယ်ကြမ်းရှရှနှင့်သူ့လက်ကိုနှုတ်ဆက်သည် ။
မြန်မာလိုအခေါ်အရ တရုတ်စံကားပန်းလို့အမည်တွင်တဲ့ဒီပန်းကလေးမှာ Plumeria နောက်ပြီး Scientific nameအနေနဲ့လည်း Frangipani ဆိုပြီးနာမည်ကွဲတို့ရှိပါသေးသည် ။ ဒါကြောင့်နာမည်ကွဲသလို နိုင်ငံတွေမှာလဲစံကားပွင့်နဲ့ပတ်သက်ပြီးအယူအဆတွေကွဲပြားကြပြန်ပါသည်။ဟာဝိုင်အီမှာတော့ ဒီပန်းလေးမှာကောင်းမွန်တဲ့စွမ်းအင်တွေရှိတယ်လို့ယူဆကြပြီး ဟိန္ဒူယဥ်ကျေးမှုမှာတော့ တစ်စုံတစ်ယောက်အပေါ်ထားရှိတဲ့မြတ်နိုးမှုရဲ့သင်္ကေတအဖြစ်ယူဆကြတာကြောင့် မဂ်လာပွဲအခမ်းအနားတွေမှာထည့်သွင်းအသုံးပြုကြတယ်ဟုသူကြားဖူးသည် ။

ВЫ ЧИТАЕТЕ
The Shadow ( Ongoing )
Любовные романыငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......