Part - 16 ( Unicode )

8.2K 503 57
                                        

" ဟိုးတောင်ပေါ်......ဟိုးတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင်.....မိုးရွာမယ်မထင်မိပါလို့ ......ပါလာသည့် ရှန်တဘက်ကလေး ခေါင်းပေါ် တင်မိရင်ကွယ် သည်းသည်းမည်းမည်း ရွာပြန်တော့ ....... ခမျာလေး ကင်ပွန်းခြုံဆွယ် ........နံဘေးမှပြေးကာ ဝင်သွားရှာပြီ ........မင်းဂံပုတ်ရွာသူများ အသားတော်ဝင်းလို့...... ဝါဝါရည်ရွှင် ကြည်ကြည်လင်လင် "

ပြတင်းပေါက်ဘောင်ပေါ်မေးတင်ရင်း ခပ်တိုးတိုးညည်းနေတဲ့ သီချင်းသံလေးကြောင့် ပေါင်ပေါ်ခေါင်းတင်ထားတဲ့ သားသားဆီက အသက်ရှူသံမျှင်းမျှင်းလေးထွက်လာသည် ။ ခေတ်ကာလ သီချင်းတော်တော်များများကို အမှန်အတိုင်းပြောရမယ်ဆိုရင် စည်းလုံးဝမသိပါ ။ ဘဝကို သူများတွေလို ပေါ့ပါးပျော်ရွှင်စွာဖြတ်သန်းခြင်းမရှိခဲ့တော့ ဘယ်အရာနဲ့မဆို အဆက်အသွယ်ပြတ်တောက်သွားခဲ့ကာစည်းရဲ့နယ်နိမိတ်က ရင့်အာဏာချမှတ်ပေးထားတဲ့ အတိုင်း နေသားကျစွာ သိပ်ကိုကျဥ်းမြောင်းလွန်းလှပါသည် ။ ပါးစပ်ထဲစွဲနေခဲ့တဲ့ ဒီသီချင်းကတော့ စည်းငယ်ငယ်က မေမေချော့သိပ်ခဲ့တဲ့အခါ အမြဲဆိုပြလေ့ရှိတာကြောင့် အမှတ်တရရှိနေခြင်းမျိုးပင် ။ ငယ်စဥ်ကတော့ အဓိပ္ပါယ်ကိုသေချာမသိခဲ့ပေမယ့် မေမေ့အသံက နူးညံ့ပျော့ပျောင်းစွာ ဆွဲဆွဲငင်ငင်ဆိုလိုက်တိုင်း စည်းသိပ်သဘောကျခဲ့ရပါသည် ။ သီချင်းတစ်ပုဒ်လုံးကို မသိပေမယ့် မေမေဆိုပြဖူးတဲ့နေရာလေးကိုပဲ စည်းစွဲမြဲမှတ်သားထားခဲ့ကာ အခုချိန်ထိ ရင်ထဲမှာကော နှုတ်ဖျားမှာပါ စွဲကျန်နေခဲ့၏ ။

" အစ်ကိုလေး "

အခန်းဝမှာ ပေါ်လာတဲ့ ဝင်းမာအသံလေးကြောင့် စည်းလှည့်ကြည့်ကာ.....

" ဘာလို့လဲ ဝင်းမာ "

" ဟို ဟိုလေ အစ်ကိုလေးရင့် ပြန်ရောက်လာပီ "

စည်းသက်ပြင်းသာ ဖွဖွချလိုက်မိတော့သည် ။
သားပြောလိုက်တဲ့နေ့ကတည်းက စပီးအရင့်အိမ်ပြန်မလာခဲ့တာ တစ်ပတ်လောက်ရှိသွားပီဖြစ်သည် ။ သူပြန်မလာတာကြောင့်သားသားနဲ့သာ စည်းလာအိပ်ပေးဖြစ်ပေမယ့် ဒီနေ့တော့ သူပြန်လာတာကြောင့် သားကို ဝင်းမာနဲ့ပဲထားခဲ့ရတော့မည် ။

The Shadow ( Ongoing )Where stories live. Discover now