Warning ❗❗❗
( ယခုပါရှိမည့်အကြောင်းအရာများသည် Adult Scence များပါဝင်တာကြောင့်.... အသက်မပြည့်သူများနဲ့ မကြိုက်မနှစ်သက်သူများ ကျော်သွားပေးပါရန် )
-------------------------------
. " ငါ အရမ်းပင်ပန်းတယ် အရင့် "
"........"
" ငါ မင်းအနားမှာရှိနေရတာ အရမ်းပင်ပန်းတယ် မပျော်ဘူး ပီးတော့ ငါလွတ်မြောက်ချင်တယ်.....မင်းပြောစမ်းပါ ဘယ်လိုနည်းလမ်းတွေက ငါ့ကို မင်းဆီကနေ လွတ်မြောက်စေမှာလဲ ...ငါတစ်ခါတစ်လေမှာ စဥ်းစားမိတယ်....မပျော်တဲ့အမူအယာတွေ အဆင်မပြေတဲ့အကြောင်းတွေကို မင်းနားလည်အောင်ဖော်ပြဖို့ ဘယ်နေရာမှာများ လိုအပ်ချက်တွေရှိနေခဲ့တာလဲလို့ "
" မင်းကိုယ်တိုင်ကိုက မင်းရဲ့အားနည်းချက်ပဲ စည်းစနစ်..... လူတကာကမင်းကို အလွယ်လေးအနိုင်ယူနိုင်လောက်အောင် သိပ်ပျော့ညံ့လွန်းတယ် "
" ယောကျာ်းတစ်ယောက် ဖြစ်ပီး ငါပျော့ညံ့နေခဲ့တာမဟုတ်ဘူး အရင့်...... အချက်ပေါင်းများစွာ အထိနာပီး သန်မာလာမယ့်တစ်နေ့ကို ငါတိတ်တိတ်လေးစောင့်နေခဲ့တာ ... ဒါပေမယ့် စိတ်မကောင်းစရာက ငါတစ်လျှောက်လုံးနာကျင်ခဲ့ရပေမယ့် မင်းဆီကနေ မလွတ်မြောက်နိုင်သေးတာပဲ "
အရင့်မျက်ဝန်းတွေကို စိုက်ကြည့်ပီး တစ်လုံးချင်းပြောနေတဲ့ လေသံကခပ်တိုးတိုးပေမယ့် အရင့်နားထဲမှာတော့ ကျယ်လောင်စွာ ဝုန်းခနဲထိုးဆောင့်သွားသလို နားထင်ကြောကြီးတွေပင် ထောင်ထလာရသည် ။ အိမ်ထောင်သက် ၅နှစ်ကျော်အတွင်း တစ်ခွန်းတောင်မဟခဲ့ဖူးတဲ့ စကားတွေကို စည်းက သူ့မျက်ဝန်းတွေကို စိုက်ကြည့်ပီး ပြောရဲလောက်တဲ့အထိ သတ္တိတွေရှိလာခဲ့ပီတဲ့လား ။ ဘယ်လိုတွန်းအားတွေကြောင့်လဲလို့ ထွေထွေထူးထူး မစဥ်းစားနိုင်ခင်မှာ ဖျတ်ခနဲ မြင်ယောင်မိတဲ့ ကမ္ဘာဦးခိုက်ရဲ့ ခပ်ထေ့ထေ့မျက်နှာကြောင့် အံကိုတင်းနေအောင်ကြိတ်လိုက်မိသည် ။ စည်းစနစ်က အားကိုးရှာတွေ့သွားခဲ့ပီပဲ ။
ထွက်သွားဖို့မင်းစိတ်တွေ ပြင်ဆင်ထားပီးရင် ငါအခုကစပီး စနစ်တကျ ရိုက်ချိုးသွားတော့မှာ ။
YOU ARE READING
The Shadow ( Ongoing )
Romanceငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......
