လှေကားထစ်တွေပေါ်ကနေ ဆင်းလာရင်း ထမင်းစားခန်းဆီက ကြားနေရတဲ့ အလင်းအသံလေးတွေက ဧည့်ခန်းထဲထိတောင်လျှံကျနေကာ အလိုမကျတဲ့အသံလေးက ဝင်းမာကို ဘာတွေဂျီကျနေသည်လဲ မသိ ။ အနာရှိန်ကော ဆေးအရှိန်ကောပေါင်းပီး အိပ်ပျော်နေတဲ့ စည်းကိုမနှိုးချင်တာကြောင့် မနက်စာမစားတော့ပဲ ကုမ္ပဏီတန်းသွားမယ်ဆိုတဲ့စိတ်ကူးက အလင်းအသံကြောင့် အရင့် ထမင်းစားခန်းဆီ ဦးတည်လိုက်မိသည် ။
" ဟောတော် ဒါမစားချင်ရင် အန်တီဘာလုပ်ပေးရမလဲသားသားရယ် "
" သားသားက မုန့်ဟင်းခါးတို့ အသုပ်တို့စားချင်တာ "
" ဗိုက်တွေ နာမှာပေါ့ကလေးရဲ့ "
" သားသားစားချင်ပါတယ်ဆို "
" မနက်ဖြန်ကျ အန်တီမနက်စောစောထချက်ပေးထားမယ်နော် "
ဒီလိုဆိုတော့လဲ အလိုမကျပြန်စွာ နှုတ်ခမ်းလေးစူလျက် ငြိမ်သက်သွားပြန်တာကြောင့် ဝင်းမာမနေနိုင်စွာပင်......
" သားသားက အရင်နေ့တွေတုန်းကလဲ ဒါတွေပဲစားနေကျဆိုတော့ အန်တီဝင်းမာက ဘယ်သိပါ့မလဲကလေးရယ်....ဒီနေ့တော့ဒါလေးစားလိုက်နော် လိမ်မာတယ် "
စားပွဲပေါ်မှာရှိနေတဲ့ မုန့်ပန်းကန်တွေကို မျက်လုံးလေးတစ်ချက်တောင် ဝေ့မကြည့်တော့ပဲ မျက်နှာလေးတည်လျက် နွားနို့ခွက်ကိုသာ ယူသောက်ပီး စိတ်အလိုမကျကြောင်းပြတော့ ဝင်းမာမှာပြာပြာသလဲ ။
လသားကတည်းက အနီးကပ်ထိန်းကျောင်းခဲ့ရပီး အရိပ်တကြည့်ကြည့်ရှိခဲ့ရတာကြောင့် သူမမှာ မျက်နှာလေးညှိုးသွားတာ မြင်လိုက်ရင်တောင် ဘယ်လိုမှ နေမထိ ထိုင်မသာဖြစ်ရသည် ။" အလင်းရင့်ရောင် "
အရင့်အသံကြားလိုက်တာနဲ့ အလင်းကိုယ်လေးက ဆတ်ခနဲ တစ်ချက်မတ်သွားကာ ဝင်းမာနားတိုးတိုးလေးကပ်ပီး......
" သားသား ဒါပဲစားလိုက်တော့မယ်နော်အန်တီဝင်းမာ"
ဒီတော့မှ ဝင်းမာမှာပြာပြာသလဲနဲ့ ပေါင်မုန့်ဖြူလေးပေါ် ထောပတ်သုတ်ပီး အလင်းတစ်ကိုက်စာ အတုံးလေးတွေဖြတ်ကာ ပြင်ပေးသည် ။ သူထမင်းစားခန်းထဲဝင်သွားတော့ အလင်းက မနက်စာကိုရုပ်တည်လေးနဲ့စားနေပုံကခုနက သူဘာမှဂျစ်မတိုက်ခဲ့တဲ့အတိုင်း။ စည်းမရှိရင် ထမင်းစားခန်းထဲဝင်မလာတတ်တဲ့သူ့ကို ဝင်းမာကတအံ့တသြကြည့်နေပီးမှ......

ВЫ ЧИТАЕТЕ
The Shadow ( Ongoing )
Любовные романыငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......