Part - 32 ( Unicode )

6.4K 386 33
                                        

အိပ်ခန်းထဲကခုတင်ကျယ်ကြီးပေါ် နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့သားသားက မွေ့ယာနဲ့ပါးပြင်ရဲ့ဖိအပ်ထားမှုကြောင့် နှုတ်ခမ်းလုံးလေးတွေကပင်အနည်းငယ်စူထွက်နေသည် ။ ဒီလိုဆိုတော့လဲ သားသားက ချစ်စဖွယ်ကလေးလေးအသွင်ပါပဲလား ။ စည်းအခန်းတံခါးလေးဟကာ အသာချောင်းကြည့်လိုက်ပီးမှ စိုးရိမ်စွာပင် နောက်ကိုခြေတစ်လှမ်းပြန်ဆုတ်လိုက်ရသည် ။ အခုချက်ချင်းကြီးမှာတော့ သားသားစည်းကိုတွေ့သွားလို့မဖြစ်နိုင်သေးပါ ။ ငိုင်တွေစွာရပ်နေတဲ့စည်းကို အရင့်ကနားလည်စွာအသာပွေ့ဖက်လာပီး.....

" စည်းခဏနေခဲ့မလား ကိုယ်အရင်ဝင်သွားနှင့်မယ်နော် "

စည်းခေါင်းညိ​တ်ပြယုံအပြင်ဘာမှမတတ်နိုင်ပါ ။ စည်းရဲ့လက်ဖျားလေးကိုအားပေးသလို ဖျစ်ထွေးဆုပ်ညှစ်ပီးမှ အရင့်ကသားသားရဲ့အခန်းထဲကိုတွန်းဖွင့်ဝင်သွားတော့သည် ။ သားအခန်းထဲကလိုက်ကာစကို အရင့်သိမ်းဖယ်ပစ်လိုက်တော့ အခန်းတစ်ခုလုံးနေရောင်ခြည်ကြောင့် လင်းထင်းသွားကာ အိပ်ပျော်နေတဲ့သားကမျက်လုံးမှိတ်လျက်ကပင် မျက်ခုံးလေးတွေတွန့်ချိုးသွားတော့သည် ။ အရင့်ခုတင်နားထိလျှောက်သွားလိုက်ပီးမှ အရင့်ရင်ခွင်ထဲအိပ်ပျော်နေတဲ့သားငယ်ကို သားရဲ့နံဘေးမှာအသာချပေးထားလိုက်ပီး.....

" မောနင်း သား....ထတော့လေကွာ "

သားကပျင်းကြောရှည်ကြီးကိုဆန့်ကာတစ်ချက်သမ်းဝေလိုက်ပီးမှ နံဘေးကဖက်လုံးကိုလှမ်းဖက်မည့်ဟန်ပြင်ပေမယ့် ဖက်လုံးရဲ့အထိအတွေ့ကိုမမိပဲ နံဘေးကသားငယ်ရဲ့ကိုယ်လုံးလေးကိုသာစမ်းမိတော့ တွန့်သွား၏ ။ ပီးမှထူးဆန်းတဲ့အထိအတွေ့ကိုသေချာအောင်စူးစမ်းသလို မျက်ဝန်းလေးတွေမှိတ်လျက်ကနေ လက်တွေကိုတရွေ့ရွေ့တိုးသွားပီးလှုပ်ရှားတော့ သားလက်တွေကြောင့် သားငယ်ကလဲအိပ်ပျော်နေရာမှလူးလွန့်လာသည် ။

" အဲ့ "

အိပ်ပျော်နေတာကို နှောင့်ယှက်ခံလိုက်ရတာကြောင့်သားငယ်အသံလေးကငိုတော့မလိုခပ်တိုးတိုးလေးထွက်လာကာ မျက်နှာလေးကိုပါလက်သီးဆုပ်သေးသေးလေးနဲ့ပွတ်သပ်တော့သည် ။ သားကလဲ ထိုအသံလေးနဲ့လှုပ်ရှားမှုသေးသေးလေးကြောင့်ပင်ဆတ်ခနဲနိုးလာကာ လှဲနေလျက်ကပင်နံဘေးကိုခေါင်းလေးစောင်းကြည့်သည် ။ သားရဲ့မျက်လုံးတွေဘေးကိုလှည့်အကြည့် သားငယ်ရဲ့မျက်လုံးလေးကပါပွင့်လာကာ သားဘက်ကိုစောင်းကြည့်တာနဲ့ဆုံလျှင်.....

The Shadow ( Ongoing )Where stories live. Discover now