Part - 42 ( Unicode )

4.3K 330 132
                                        

" ကိုယ်တို့ဒီလောက်နဲ့ပဲရပ်လိုက်ကြရအောင် "

တောင်းဆိုခြင်းမျိုးမဟုတ်တဲ့အသိပေးယုံပြောလာတဲ့စကားအပေါ်လွန်သော့်ရဲ့တုံ့ပြန်မှုက အေးစက်ငြိမ်သက်လွန်းလှ၏ ။ အထိတ်တလန့်အာမေဋိတ်တစ်စုံတစ်ရာနှုတ်ဖျားကထွက်ကျမလာခဲ့သလို ရိုင်းစိုင်းရင့်သီးတဲ့စကားမျိုးနဲ့လဲ သူ့ကိုထိုးနှက်ပြောဆိုမလာခဲ့ပါ ။ မျက်နှာချင်းဆိုင်ဆိုဖာရှည်မှာအေးဆေးထိုင်လျက်ကပင် အချင်းချင်းထွေးဆုပ်ထားတဲ့ လက်တို့ကိုအဓိပ္ပါယ်မဲ့စွာလွန်သော်ငေးကြောင်ကြည့်နေ၏ ။ ကြည့်သာကြည့်နေရပေမယ့် အမှန်တကယ်သဲကွဲစွာမြင်နေရခြင်းမျိုးမဟုတ်ပဲသူ့ကိုယ်သူပျောက်ဆုံးနေ​ခြင်းမျိုးဆိုရင်တော့ သူလွန်သော့်အတွက်အမှန်တကယ်ပင်သူစိတ်မကောင်းနိုင်ပါ ။ ခဏကြာတော့ လွန်သော်သူ့မျက်နှာကိုခပ်ငေးငေးလှမ်းကြည့်ပြီး.....

" Congratulations!  ပါဟန်နီရယ်....ဒါဟာကိုယ့်အတွက်တော့ဝမ်းနည်းစရာကောင်းပေမယ့် ဘဝလက်တွဲဖော်တွေ့သွားတဲ့ဟန်နီ့အတွက်တော့ သိပ်ပျော်စရာကောင်းမှာပဲနော် ကိုယ်စိတ်ရင်းနဲ့ဂုဏ်ပြုပါတယ်ကွယ် "

ဒါဘယ်လိုစကားကြီးပါလိမ့် ။ သူ့ကိုလက်လွှတ်လိုက်ရ​ခြင်းက ဒီ့ထက်ပိုတဲ့ကြေကွဲနာကျင်မှုမျိုး လွန်သော့်မျက်နှာမှာမြင်တွေ့ရလိမ့်လို့သူကထင်မှတ်ထားခဲ့တာ။အခုလိုအေးစက်တည်ငြိမ်မှုတွေနဲ့ နောက်ဆုတ်ပေးလိုက်ရတဲ့အထိ လွန်သော်သူ့အပေါ်သိပ်ကိုသွေးအေးတာပဲလားဆိုတဲ့အသိက သူ့ကိုနာကျင်စွာနှိပ်စက်၏ ။ သူစိုက်ကြည့်နေမှန်းသိတာနဲ့ လွန်သော်ရဲ့ခပ်မှိုင်းမှိုင်းမျက်နှာလေးက သူ့ကိုနှစ်သိမ့်ဖော်ရွေစွာပြုံးပြလာပြီး.....

" ဒီ၆နှစ်ကျော်ဆိုတဲ့ကာလအပိုင်းအခြားတွေအတွင်းမှာ ကိုဟန်နီ့ကြောင့်တကယ်ပျော်ခဲ့ရပါတယ်....ကိုယ့်ရဲ့ပျော်ရွှင်နှစ်သက်မှုတွေနဲ့တိုင်တည်ပြီး ဟန်နီ့ဘဝခရီးလမ်း အေးချမ်းသာယာပါစေလို့ ကိုယ်ဆုတောင်းပေးနေပါ့မယ် "

" မင်းပါးစပ်ကိုပိတ်လိုက်စမ်း "

သူမခံမရပ်နိုင်စွာအော်ဟစ်တားဆီးတော့ လွန်သော်ကသူ့ကို စိတ်မကောင်းစွာကြည့်၏ ။ သူကြိုးစားသည်းခံနေရပေမယ့် စကားလုံးတစ်ခုချင်းစီတိုင်းက သူ့ရဲ့စိတ်တွေကိုပြင်းထန်စွာနာကျင်ရစေကာ ဘယ်လိုမှဆက်နားထောင်နေလို့မတတ်စွမ်းနိုင်တော့။ထိုအခါ ထိုင်နေရာမှသူဆတ်ခနဲထရပ်လိုက်ပီးလေအလျင်လိုအမြန်နှုန်းနဲ့ လွန်သော့်နားတိုးကပ်ကာ လက်မောင်းလေးကိုအကြမ်းပတမ်းဆောင့်ဆွဲယူပစ်လိုက်မိပြီး....

The Shadow ( Ongoing )Où les histoires vivent. Découvrez maintenant