Part - 21 ( Unicode )

8.9K 489 65
                                        

သားမျက်ဝန်းလေးတွေက ခြံဝဆီသာလည်တဆန့်ဆန့်မျှော်ကြည့်နေပီး ပုံချထားတဲ့ အရုပ်တွေဆီလဲ အာရုံမရှိစွာ တစ်ချက်တစ်ချက် မျက်နှာလေးကအလိုမကျသလို ညှိုးငယ်သွားရသည် ။ စည်းသိပါတယ် သားလေး သူ့ဒယ်ဒီကိုမျှော်နေခြင်းဆိုတာ ။ အရင့်နေမကောင်းတဲ့ရက်တွေ အိမ်မှာသားသားနဲ့အတူနေပီး အချိန်ကုန်ခဲ့တော့ သားကအခုဆို သူ့ဒယ်ဒီကုမ္ပဏီသွားရင် ပြန်ချိန်ကိုမျှော်တတ်နေပီဖြစ်သည် ။ အခုလဲ မူကြိုကပြန်ရောက်ကတည်းက အရုပ်ခြင်းဆွဲချသွားကာ ဧည့်ခန်းထဲထိုင်ပီး သူ့ဒယ်ဒီကိုသာ တမျှော်မျှော်လုပ်နေတာကြောင့် စည်းနေရာမှ ထသွားလိုက်ပီး.....

" သားသားလာ ဖေဖေနဲ့ရေသွားချိုးကြမယ် "

" ဟင့်အင်း "

စည်းလက်လေးတွေကို တိမ်းရှောင်ပစ်ပီး နောက်ဆုတ်ကာ ငြင်းပယ်လိုက်တဲ့ သားပုံစံလေးကြောင့် စည်းမျက်နှာလေးပျက်ယွင်းသွားရကာ ရင်ထဲမှာဆို့နင့်သွားရသည် ။ တစ်လျှောက်လုံးချီပိုးထိန်းကျောင်းခဲ့ရတဲ့စည်းထက် အရင့်ကိုပိုပီးတွယ်တာသွားရအောင် စည်းဘက်ကသားသားအပေါ် ချစ်ပြဖို့လိုအပ်တာများရှိခဲ့လေသလားမသိပါ။ ဒါပေမယ့် ရဖူးပီးသွားတဲ့ကြင်နာနွေးထွေးမှုကိုသားသားခုံမင်သွားချိန်မှ အရင့်ဘက်ကအရင်လိုပြောင်းလဲသွားရင် သားသားစိတ်ထိခိုက်ကြေကွဲမှာကိုတော့ စည်းတကယ်စိတ်ပူမိပါသည် ။

" ဟာ ဒယ်ဒီပြန်လာပီ "

ခြံထဲကိုအရင့်ကားဝင်လာတာမြင်တာနဲ့ သားသားကအရုပ်လေးတွေပစ်ချကာ သူ့ဒယ်ဒီဆီပြေးဆင်းသွားတာကြောင့် စည်းကမန်းကတန်းထလိုက်သွားရတော့သည် ။

" သားသားရေ မပြေးရဘူးချော်လဲမယ် "

ကားပေါ်ကဆင်းလာတဲ့အရင့်က သားသားသူ့ဆီပြေးလာတာမြင်တာနဲ့ လက်တွေဆန့်တန်းထုတ်လိုက်ပီး သားကိုယ်လုံးလေးကိုဆီးကြိုပွေ့ဖက်ကာ ပါးပြင်လေးတွေကို တရှုံ့ရှုံ့နမ်းသည် ။ ဒါကိုပဲသားသားက သဘောကျစွာတခစ်ခစ်ရယ်လျက် အရင့်လည်တိုင်ကိုသိုင်းဖက်ကာ ကားထဲကိုဟိုဒီဝေ့ကြည့်ပီးတစ်ခုခုကိုရှာနေပုံ ။

" ဒယ်ဒီ သားသားမှာတာမပါဘူးလား "

" ပါတာပေါ့ကွ နောက်ခန်းထဲမှာ "

The Shadow ( Ongoing )Donde viven las historias. Descúbrelo ahora